နေပူမိုးရွာမရှောင်ဘဲ ပင်ပန်းစွာကြိုးစားနေရတဲ့ စက်အဖွဲ့တွေအတွက် မိမိချွေးနဲစာလေးနဲ့ တတ်အားသရွေ့လှူဒါန်းခဲ့တဲ့ အိချောပို

တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားပြီးတော့ စိတ်ထားဖြူစင်သူလေးလည်းဖြစ်တဲ့ မင်းသမီးချောလေး အိချောပိုဆိုတာ ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ပါပဲနော်။ အနုပညာလမ်းကြောင်းပေါ်မှာလည်းနေရာတစ်နေရာကို ပိုင်ပိုင်နိုင်နိုင်ရရှိထားသူတစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးရင်းအောင်မြင်မှုတွေ ကိုရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

သူမဟာ ဖြူစင်တဲ့ ပရဟိတနှလုံးသားလေးကိုလည်း ပိုင်ဆိုင်ထားသူပီပီ ပရဟိတအလုပ်လေးတွေကို အချိန်ရရင်ရသလို တတ်စွမ်းသရွေ့လုပ်တတ်သူလေးဖြစ်ပြီးတော့ အလုပ်တွေမအားတဲ့ကြားထဲကတောင် အလှူသေးသေးလေးတွေကို တစ်နိုင်တစ်ပိုင်လုပ်တတ်ပါသေးတယ်နော်။ အခုလည်းသူမဟာ နတ်လူသာဓုခေါ်ရမယ့် အလှူတော်လေးတစ်ခုကို လုပ်ခဲ့ပြန်ပါပြီနော်။

နေပူထဲမိုးရွာထဲလည်းမရှောင်ပဲ သူမတို့နဲ့အတူတူ အလုပ်ကြိုးစားပြီးလုပ်နေကြရတဲ့ စက်အဖွဲ့က ဆရာတွေအတွက်ရည်ရွယ်ပြီး သူမရဲ့ အနုပညာကြေးလေးနဲ့ တတ်စွမ်းသရွေ့အလှူလေးတစ်ခုကိုလုပ်ခဲ့တာပဲဖြစ်ပါတယ်နော်။ စက်အဖွဲ့က သူတွေကို ဆန်တစ်အိတ် ဆီတစ်ပုံးနဲ့ လူစေ့တက်စေ့ လှူဒါန်းခဲ့တာဖြစ်ပြီးတော့ ကိုယ်တိုင် လုပ်အားလည်းစိုက်ထုတ်ကာ ကုသိုလ်ယူခဲ့ပါတယ်နော်။ကဲ… စူစူရဲ့ အလှူလေးကို ကြည့်ပြီး ကြည်နူးပီတိဖြစ်လို့ရအောင် ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Ei Chaw Po

NORA:CeleZone

(Zawgyi ျဖင့္ဖတ္ရန္)

ေနပူမိုး႐ြာမေရွာင္ဘဲ ပင္ပန္းစြာႀကိဳးစားေနရတဲ့ စက္အဖြဲ႕ေတြအတြက္ မိမိေခြၽးနဲစာေလးနဲ႔ တတ္အားသေ႐ြ႕လႉဒါန္းခဲ့တဲ့ အိေခ်ာပို

တည္ၿငိမ္ရင့္က်က္တဲ့အလွတရားေတြကိုပိုင္ဆိုင္ထားၿပီးေတာ့ စိတ္ထားျဖဴစင္သူေလးလည္းျဖစ္တဲ့ မင္းသမီးေခ်ာေလး အိေခ်ာပိုဆိုတာ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ေလးတစ္ေယာက္ပါပဲေနာ္။ အႏုပညာလမ္းေၾကာင္းေပၚမွာလည္းေနရာတစ္ေနရာကို ပိုင္ပိုင္ႏိုင္ႏိုင္ရရွိထားသူတစ္ေယာက္ျဖစ္သလို လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ဆက္တိုက္႐ိုက္ကူးရင္းေအာင္ျမင္မႈေတြ ကိုရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ဆိုရင္လည္းမမွားပါဘူးေနာ္။

သူမဟာ ျဖဴစင္တဲ့ ပရဟိတႏွလုံးသားေလးကိုလည္း ပိုင္ဆိုင္ထားသူပီပီ ပရဟိတအလုပ္ေလးေတြကို အခ်ိန္ရရင္ရသလို တတ္စြမ္းသေ႐ြ႕လုပ္တတ္သူေလးျဖစ္ၿပီးေတာ့ အလုပ္ေတြမအားတဲ့ၾကားထဲကေတာင္ အလႉေသးေသးေလးေတြကို တစ္ႏိုင္တစ္ပိုင္လုပ္တတ္ပါေသးတယ္ေနာ္။ အခုလည္းသူမဟာ နတ္လူသာဓုေခၚရမယ့္ အလႉေတာ္ေလးတစ္ခုကို လုပ္ခဲ့ျပန္ပါၿပီေနာ္။

ေနပူထဲမိုး႐ြာထဲလည္းမေရွာင္ပဲ သူမတို႔နဲ႔အတူတူ အလုပ္ႀကိဳးစားၿပီးလုပ္ေနၾကရတဲ့ စက္အဖြဲ႕က ဆရာေတြအတြက္ရည္႐ြယ္ၿပီး သူမရဲ႕ အႏုပညာေၾကးေလးနဲ႔ တတ္စြမ္းသေ႐ြ႕အလႉေလးတစ္ခုကိုလုပ္ခဲ့တာပဲျဖစ္ပါတယ္ေနာ္။ စက္အဖြဲ႕က သူေတြကို ဆန္တစ္အိတ္ ဆီတစ္ပုံးနဲ႔ လူေစ့တက္ေစ့ လႉဒါန္းခဲ့တာျဖစ္ၿပီးေတာ့ ကိုယ္တိုင္ လုပ္အားလည္းစိုက္ထုတ္ကာ ကုသိုလ္ယူခဲ့ပါတယ္ေနာ္။ကဲ… စူစူရဲ႕ အလႉေလးကို ၾကည့္ၿပီး ၾကည္ႏူးပီတိျဖစ္လို႔ရေအာင္ ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။