ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပါယ်ကို အပြည့်အဝဖော်ကျူးနိုင်စေခဲ့တဲ့ ရွှေထူးနဲ့ရွှေမှုံရတီရဲ့ပုံရိပ်တွေ

Posted on

တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ကိုချစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ နှစ်ယောက်သား ပွဲတစ်ခုကိုအတူတူတက်ရောက်ခဲ့ကြပြီး ရင်ခုန်စရာစုံတွဲပုံရိပ်လေးတွေကို ရိုက်ကူးခဲ့ကြပါတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် အပြန်အလှန် ချစ်ကြပြီး နှစ်ယောက်သားရဲ့အချစ်တွေဟာ ကုန်ဆုံးသွားဖို့ဖြစ်နိုင်ချေမရှိသေး တဲ့ နေလုံးကြီးရဲ့ လောင်စာတွေလိုပါပဲ။

စိတ်မချဖြစ်ပြီး စိတ်ကောက်တတ်တဲ့ဇနီးသည်လေးကို အလိုလိုက်အလျော့ပေးပြီးချစ်တတ်တဲ့ ခင်ပွန်းရဲ့ချစ်ခြင်းမေတ္တာ ဟာလည်း တကယ့်ကိုစံတင်လောက်ပါရဲ့။ ကလေးလေးကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်တဲ့လူကြီးတစ်ယောက်ရဲ့ ချစ်မေတ္တာမျိုးနဲ့ နားလည်မှုတွေအပြည့်အဝပေးပြီးချစ်တတ်တဲ့ခင်ပွန်းကို သဲကလည်း လိုအပ်တာလေးတွေ အမြဲလိုလို ဖြည့်ဆည်းပေးတတ်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပါပဲ။

နှစ်ယောက်သားပွဲအတူတူတက်ခဲ့ပြီး ကျော့ရှင်းလွန်းတဲ့ဇနီးသည်ရဲ့အလှတရားတွေကို ဂုဏ်ယူမဆုံးစွာနဲ့ပြုံးနေတတ်တဲ့ ခန့်ညားလွန်းတဲ့ခင်ပွန်းရဲ့လက်ကိုဆွဲပြီး တက်ရောက်လာခဲ့ကြတဲ့ ပုံရိပ်လေးတွေက ကြည်နူးစရာပါ။ တစ်ယောက်လက်ကို တစ်ယောက် ခိုင်ခိုင်မြဲမြဲတွဲပြီး ရှည်လျားလွန်းတဲ့ဘဝခရီးကို အကြာကြီးလျှောက်လှမ်းနိုင်ပါစေနော်။

Photo – Shwe Hmone Yati
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပါယ်ကို အပြည့်အဝဖော်ကျူးနိုင်စေခဲ့တဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီရဲ့ပုံရိပ်တွေ ”




Photo – Shwe Hmone Yati
Happy – Cele Zone