ငွေကြေး မတတ်နိုင်တဲ့ မသန်စွမ်းသူများအတွက် အထူး သတင်းကောင်းလေးတစ်ခုကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

မင်းသမီးခိုင်နှင်းဝေကတော့ စေတနာ အလှူရှင်တွေနဲ့စုပေါင်းပြီး အလှူအတန်းတွေကို နေ့ရက်တိုင်း မမော မပန်းနိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ အလှူမှာ စေတနာရှင် ပြည်သူတွေကလည်း တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြပြီး ပါဝင်ကုသိုလ်ပြုနေကြတာဖြစ်ပါတယ်။

 

လူတိုင်းအပေါ်မှာ စေတနာထားပြီးကူညီပေးတတ်တာကြောင့် ပြည်သူအများအပြားကလည်း ခိုင်နှင်းဝေကိုချစ်ကြပြီး အမြဲချီးကျူးနေကြတာဖြစ်ပါတယ်။ အခုလည်း ငွေကြေး မတတ်နိုင်သော မသန်စွမ်း ညီအစ်ကို မောင်နှမ များ အတွက် သတင်းကောင်းလေးတစ်ခုကို ဝေမျှလာပါတယ် ။

ဒါကတော့ (၇) ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး Wheelchair အစီး (၅၀) ၊ ချိုင်းထောက် များ၊ တုတ်ကောက်များကို ငွေကျပ် သိန်း (၁၀၀) ဖိုး လှူဒါန်းသွားမယ့် အကြောင်းပဲဖြစ်ပါတယ် ။ ဒီအလှူလေးကြောင့် မသန်စွမ်းသူတွေလည်း လိုရာ ခရီးကို အလွယ်တကူ သွားနိုင်တော့မှာမို့ ကျေနပ်ပီတိဖြစ်ကြမှာပါ ။ ပရိသတ်ကြီးအတွက် ဒီသတင်းကောင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

-zawgyi font ဖြင့်ဖတ်ရန်-


ဝိုး 😱




Yuan – Cele Zone

Photo – Khine Hnin Wai

error: Content is protected !!