Save The Aged ဘိုးဘွားရိပ်သာမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်းမာရေးအထောက်ကူပြုပစ္စည်းတွေလှူဒါန်းပေးခဲ့တဲ့ နီနီခင်ဇော်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်နီနီခင်ဇော်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ(၃၁)ရက်နေ့တုန်းက မွေးနေ့ကျရောက်ခဲ့ပြီး မွေးနေ့ရက်လေးမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့ရက်လေးမှာ ကုသိုလ်အနေနဲ့ ကျန်းမာရေးစောင်ရှောက်မှုနဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။

 

နီနီက မွေးနေ့မှာ အခုလိုကောင်းမှုတွေပြုလုပ်ခဲ့တဲ့ အကြောင်းကို “ပြီးခဲ့တဲ့ နီနီရဲ့ မွေးနေ့အတွက် အရင်တခါ နီနီသွားခဲ့ဖူးတဲ့ Save The Aged ဘိုးဘွားရိပ်သာ မှာ ကျန်းမာရေးစောင့်ရှောက်မှုကုသိုလ်ယူဖြစ်ခဲ့ပါတယ်။ COVID-19 ရောဂါအတွက်သာမက တခြားဘယ်လိုကြောင့်ဖြစ်ဖြစ် Oxygen လိုအပ်ချက်မရှိရအောင် Oxygen Concentrator (၁) လုံး အပြင် KF 94 Mask အခု (၁၀၀၀)၊ လက်သန့်ဆေးရည် (၁၀၀) လီတာ” တို့ကို လှူဒါန်းခဲ့ကြောင်း ဒီနေ့မှာ မျှဝေဖော်ပြလာခဲ့ပါတယ်။

 

ဒါ့အပြင် နီနီက ရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေအတွက်လည်း တနေ့တာ အာဟာရဒါနအလှူလေးကို ဒါနပြုခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း နီနီရဲ့ မွေးနေ့မှာပြုလုပ်တဲ့ ကောင်းမှုအလှူလေးကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး လိုအင်ဆန္ဒများ အမြန်ဆုံးပြည့်ကြပါစေလို့လည်း နီနီကဆုတောင်းထားပါသေးတယ်။

 

Source – Ni Ni Khin Zaw

-Zawgyi Font ဖြင့် ဖတ်ရန်-

Save The Aged ဘိုးဘြားရိပ္သာမွာ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႕ က်န္းမာေရးအေထာက္ကူျပဳပစၥည္းေတြလွဴဒါန္းေပးခဲ့တဲ့ နီနီခင္ေဇာ္

ပရိသတ္ၾကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ အဆိုေတာ္နီနီခင္ေဇာ္ကေတာ့ ျပီးခဲ့တဲ့ ၾသဂုတ္လ(၃၁)ရက္ေန႔တုန္းက ေမြးေန႔က်ေရာက္ခဲ့ျပီး ေမြးေန႔ရက္ေလးမွာ ကုသိုလ္ေကာင္းမႈေတြျပဳလုပ္ျဖတ္သန္းခဲ့ပါတယ္။ ေမြးေန႔ရက္ေလးမွာ ကုသိုလ္အေနနဲ႕ က်န္းမာေရးေစာင္ေရွာက္မႈနဲ႕ က်န္းမာေရးအေထာက္အကူျပဳပစၥည္းေတြလည္း လွဴဒါန္းေပးခဲ့ပါေသးတယ္။

နီနီက ေမြးေန႔မွာ အခုလိုေကာင္းမႈေတြျပဳလုပ္ခဲ့တဲ့ အေၾကာင္းကို “ၿပီးခဲ့တဲ့ နီနီရဲ႕ ေမြးေန႔အတြက္ အရင္တခါ နီနီသြားခဲ့ဖူးတဲ့ Save The Aged ဘိုးဘြားရိပ္သာ မွာ က်န္းမာေရးေစာင့္ေရွာက္မႈကုသိုလ္ယူျဖစ္ခဲ့ပါတယ္။ COVID-19 ေရာဂါအတြက္သာမက တျခားဘယ္လိုေၾကာင့္ျဖစ္ျဖစ္ Oxygen လိုအပ္ခ်က္မရွိရေအာင္ Oxygen Concentrator (၁) လုံး အျပင္ KF 94 Mask အခု (၁၀၀၀)၊ လက္သန႔္ေဆးရည္ (၁၀၀) လီတာ” တို႕ကို လွဴဒါန္းခဲ့ေၾကာင္း ဒီေန႔မွာ မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။

ဒါ့အျပင္ နီနီက ရိပ္သာမွာရွိတဲ့ အဘိုးအဘြားေတြအတြက္လည္း တေန႕တာ အာဟာရဒါနအလွဴေလးကို ဒါနျပဳခဲ့ပါေသးတယ္။ CeleZone ပရိသတ္ၾကီးေတြလည္း နီနီရဲ႕ ေမြးေန႔မွာျပဳလုပ္တဲ့ ေကာင္းမႈအလွဴေလးေၾကာင့္ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားအားလုံး လိုအင္ဆႏၵမ်ား အျမန္ဆုံးျပည့္ၾကပါေစလို႕လည္း နီနီကဆုေတာင္းထားပါေသးတယ္။

Source – Ni Ni Khin Zaw

error: Content is protected !!