သီလရှင်ဆရာကြီးအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ ဝတ္ထုငွေတွေလှူဒါန်းမှုပြုလိုက်တဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ ဒီနေ့မှာ ရန်ကင်းကန်ဘဲ့ဘူတာနားက သုခိတာရာမကျောင်းတိုက်မှာသီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုင်ဆရာကြီးအတွက် ဝတ္ထုငွေနဲ့ ဆေးဝါးတွေလှူဒါန်းမှု အလှူလေးပြုလုပ်ခဲ့ပါတယ်။

 

ဘေဘီမောင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆရာတော်တစ်ပါးအတွက် သွားလာရလွယ်ကူစေဖို့ ကားတစ်စီးကို သူ့ရဲ့မွေးနေ့ကုသိုလ်အနေနဲ့ လှူဒါန်းခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ဘေဘီမောင်က အသက်(၇၀)ကျော်ကျောင်းတိုင်ဆရာကြီး ဒေါ်သီတလအား ဝတ္တူငွေ(၁)သိန်း၊လိုအပ်တဲ့ဆေးများနဲ့ဌက်သိုက်တို့ကိုကုသိုလ်ယူဒါနပြုခဲ့တာပဲဖြစ်ပါတယ်။

 

ဆရာတော်ကြီးကလည်း လိုအပ်နေတဲ့ဆေးဝါးတွေရရှိလိုက်တဲ့အတွက် ဝမ်းသာနေခဲ့တာကြောင့် ဘေဘီကလည်း သူ့ရဲ့လူဒါန်းမှုကို ပီတိဖြစ်နေခဲ့ပြီး မျှဝေထားခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ ဘေဘီကသူ့ရဲ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးတဲ့။

 

Source – Baby Maung

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Baby Maung

error: Content is protected !!