နေမကောင်းဖြစ်ကာ ဆေးရုံတက်ခဲ့ရပြီး လက်မခံချင်ဘဲ လက်ခံလိုက်ရတဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြလာတဲ့ အောင်ရင်

တေးသံရှင် အောင်ရင်ကတော့ အနုပညာ အလုပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း သီချင်းတွေကိုတော့ ဝါသနာပါဆဲ ပဲဖြစ်ပါတယ်။ အောင်ရင်က တစ်ခေတ် တစ်ခါက အရမ်းကို အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တာ ဖြစ်ပြီး သူရဲ့ အသံကလည်း ကောင်းလွန်းတာ ကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ အနုပညာရှင် တစ်ဦး ဆိုလည်း မမှားပါဘူးနော် ။

လက်ရှိမှာ အောင်ရင်က ကျန်းမာရေး မကောင်းတာကြောင့် heart attack ရကာ ရုတ်တရက် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ် ။ ဒါ့အပြင် ခုဆိုရင် နေ့တိုင်း ဆေးတွေ အများကြီးသောက်နေရပြီး နှလုံးရောဂါ ( နာတာရှည် ) ရောဂါဖြစ်တာကြီးကို သူ့အနေနဲ့ လက်မခံချင်လည်း လက်ခံလိုက်ရပြီလို့ စိတ်မကောင်းစွာ ပြောကြားထားပါတယ် ။

ခုလိုညနေမကောင်းနေချိန်မှာ သမီးဖြစ်သူက အနားမှာ လာရောက်ပြုစုပေးနေတဲ့ အကြောင်းတွေကိုလည်း ” ကျနော်တို့မြန်မာပြည်မှာ အလွှာအသီးသီးကလူတွေ ဒုက္ခရောက်နေကြတာ ကြားသိနေရတော့ ကျနော်တို့လည်း စိတ်မချမ်းမသာဖြစ်ရပါတယ်၊ ဒါနဲ့ ကျနော်လည်း အတော်ကြာကြာ FB မသုံးဖြစ်ပဲ နေခဲ့ပါတယ်။ 2021 July 8 ရက်နေ့က ကျနော် heart attack ရလို့ဆေးရုံ တပါတ်တက်ရပါတယ်၊ ခုတော့လည်း တနေ့တနေ့ ဆေးတွေ အများကြီးသောက်နေရင်း ဒီ နှလုံးရောဂါ ( နာတာရှည် ) ရောဂါဖြစ်တာကြီးကိုလက်မခံချင်လည်းလက်ခံလိုက်ရပါပြီ။ ကျနော်နေမကောင်းလို့ သမီးက ကျနော်တို့ဆီ ၁ လ လာနေမှပဲ မိသားစု ပြန်ဆုံတွေ့ လည်ပါတ်ကြတာတွေတင်ဖြစ်ပါတယ် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Aung Yin

-Zawgyi Font ဖြင့်ဖတ်ရန် – 

ေနမေကာင္းျဖစ္ကာ ေဆး႐ုံတက္ခဲ့ရၿပီး လက္မခံခ်င္ဘဲ လက္ခံလိုက္ရတဲ့ လက္ရွိ က်န္းမာေရး အေျခအေနကို ေျပာျပလာတဲ့ ေအာင္ရင္

အျမန္သက္သာပါေစ 😢

ေတးသံရွင္ ေအာင္ရင္ကေတာ့ အႏုပညာ အလုပ္ေတြနဲ႔ ေဝးကြာေနေပမယ့္လည္း သီခ်င္းေတြကိုေတာ့ ဝါသနာပါဆဲ ပဲျဖစ္ပါတယ္။ ေအာင္ရင္က တစ္ေခတ္ တစ္ခါက အရမ္းကို ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တာ ျဖစ္ၿပီး သူရဲ႕ အသံကလည္း ေကာင္းလြန္းတာ ေၾကာင့္ ပရိသတ္ေတြရဲ႕ ရင္ထဲကို ေရာက္ရွိလာခဲ့တဲ့ အႏုပညာရွင္ တစ္ဦး ဆိုလည္း မမွားပါဘူးေနာ္ ။

လက္ရွိမွာ ေအာင္ရင္က က်န္းမာေရး မေကာင္းတာေၾကာင့္ heart attack ရကာ ႐ုတ္တရက္ ေဆး႐ုံတက္ခဲ့ရတယ္လို႔ သိရပါတယ္ ။ ဒါ့အျပင္ ခုဆိုရင္ ေန႔တိုင္း ေဆးေတြ အမ်ားႀကီးေသာက္ေနရၿပီး ႏွလုံးေရာဂါ ( နာတာရွည္ ) ေရာဂါျဖစ္တာႀကီးကို သူ႔အေနနဲ႔ လက္မခံခ်င္လည္း လက္ခံလိုက္ရၿပီလို႔ စိတ္မေကာင္းစြာ ေျပာၾကားထားပါတယ္ ။

​ခုလိုညေနမေကာင္းေနခ်ိန္မွာ သမီးျဖစ္သူက အနားမွာ လာေရာက္ျပဳစုေပးေနတဲ့ အေၾကာင္းေတြကိုလည္း ” က်ေနာ္တို႔ျမန္မာျပည္မွာ အလႊာအသီးသီးကလူေတြ ဒုကၡေရာက္ေနၾကတာ ၾကားသိေနရေတာ့ က်ေနာ္တို႔လည္း စိတ္မခ်မ္းမသာျဖစ္ရပါတယ္၊ ဒါနဲ႔ က်ေနာ္လည္း အေတာ္ၾကာၾကာ FB မသုံးျဖစ္ပဲ ေနခဲ့ပါတယ္။ 2021 July 8 ရက္ေန႔က က်ေနာ္ heart attack ရလို႔ေဆး႐ုံ တပါတ္တက္ရပါတယ္၊ ခုေတာ့လည္း တေန႔တေန႔ ေဆးေတြ အမ်ားႀကီးေသာက္ေနရင္း ဒီ ႏွလုံးေရာဂါ ( နာတာရွည္ ) ေရာဂါျဖစ္တာႀကီးကိုလက္မခံခ်င္လည္းလက္ခံလိုက္ရပါၿပီ။ က်ေနာ္ေနမေကာင္းလို႔ သမီးက က်ေနာ္တို႔ဆီ ၁ လ လာေနမွပဲ မိသားစု ျပန္ဆုံေတြ႕ လည္ပါတ္ၾကတာေတြတင္ျဖစ္ပါတယ္ ” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Aung Yin

error: Content is protected !!