ကာလဒါနအလှူလေးအဖြစ် အောက်စီဂျင်စက်လှူဒါန်းပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ကာလဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ သင်ဇာက ကာလဒါနအလှူလေးအနေနဲ့ ပြည်သူတွေအတွက် လိုအပ်နေတဲ့အောက်စီဂျင်စက် (၁)လုံးကို ပရဟိတလူငယ်လေးများအဖွဲ့ထံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

 

သင်ဇာကတော့ ကိုယ်တိုင်သွားရောက်မလှူဒါန်းနိုင်တဲ့ အတွက် သရုပ်ဆောင်အေးသီတာက အကျိုးဆောင်လှူဒါန်းပေးခဲ့တာဖြစ်ပြီး သွားရောက်လှူဒါန်းပေးခဲ့တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ခုလိုပဲဖော်ပြလာခဲ့ပါတယ်။ “ချစ်ညီမလေးThinzar Thin Zar Wint Kyaw ကဒီနေ့အောက်ဆီဂျင်စက်လေးလှူဒါန်းလို့သင်္ကန်းကျွန်းပရဟိတပြေဇင်တို့အဖွဲ့ကိုသွားရောက်လှူဒါန်းပေးခဲ့ပါတယ်” ဆိုပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။

 

သင်ဇာကတော့ Mask တွေကိုလည်း လှူဒါန်းပေးခဲ့တာဖြစ်ပြီး အေးသီတာကတော့ Mask တွေကိုတော့ တစ်နေရာနည်းနည်းစီ မျှဝေပြီးလှူဒါန်းပေးသွားပါမယ်တဲ့။ CeleZone ပရိသတ်ကြီးရေ သင်ဇာရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

 

Source – Aye Thida

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Aye Thida

error: Content is protected !!