မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ မွေးကင်းစသမီးလေးတစ်ယောက်ကို ထပ်မံမွေးစားလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း ကလေးတစ်ယောက်ကို ထပ်မံခေါ်ယူမွေးစားဖို့ လိုအပ်တာတွေ စီစဉ်နေခဲ့ပါတယ်။ ကလေးကတော့ မိန်းကလေးဖြစ်ပြီး ဝါးခယ်မဘက်မှာ မိဘတွေရဲ့ စွန်ပစ်ထားခြင်းကို ခံရကြောင်း ခိုင်နှင်းဝေကို ဆက်သွယ်လာတဲ့အတွက် မွေးစားဖို့ စီစဉ်နေခဲ့တာပါ။

ခိုင်နှင်းဝေကတော့ အခုလို မိဘမဲ့ ခိုကိုးရာမဲ့တဲ့ လူမမယ်ကလေးတွေကို စိတ်ရင်းစေတနာအပြည့် မေတ္တာစစ်မေတ္တာမှန်နဲ့ ဂေဟာလေးဖွင့်ကာ ပြုစုစောင့်ရှောက်နေခဲ့တာပါ။ အခုတစ်ခေါက်ကလေးငယ်လေးကလည်း မွေးကာစအရွယ် မိန်းကလေးလည်းဖြစ်တာကြောင့် လိုအပ်တဲ့စောင့်ရှောက်မှုတွေကို ပြုလုပ်ပြီး သမီးလေး လူ့လောကထဲ ချောမောစွာ ရပ်တည်ရှင်သန်နိုင်ဖို့ ဂေဟာမှာ ခေါ်ယူမွေးစားစောင့်ရှောက်သွားမှာပါတဲ့။

မိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ ဒီသမီးလေးကို ရှင်သန်ခွင့်လေး ရအောင် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးပါမယ်လို့လည်း သမီးလေးအတွက် စိတ်မကောင်းဖြစ်နေခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ မေတ္တာဓာတ်တွေကြောင့် သမီးလေးရဲ့ ဘဝကသာယာချောမွေ့စေမှာတော့ အသေအချာပါပဲနော်။

Source – Khine Hnin Wai

Zawgyi

မိဘေတြရဲ႕ စြန႔္ပစ္ျခင္းကို ခံရတဲ့ ေမြးကင္းစသမီးေလးတစ္ေယာက္ကို ထပ္မံေမြးစားလိုက္ျပန္တဲ့ ခိုင္ႏွင္းေဝ

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ခိုင္ႏွင္းေဝကေတာ့ ဒီေန႔မွာလည္း ကေလးတစ္ေယာက္ကို ထပ္မံေခၚယူေမြးစားဖို႔ လိုအပ္တာေတြ စီစဥ္ေနခဲ့ပါတယ္။ ကေလးကေတာ့ မိန္းကေလးျဖစ္ၿပီး ဝါးခယ္မဘက္မွာ မိဘေတြရဲ႕ စြန္ပစ္ထားျခင္းကို ခံရေၾကာင္း ခိုင္ႏွင္းေဝကို ဆက္သြယ္လာတဲ့အတြက္ ေမြးစားဖို႔ စီစဥ္ေနခဲ့တာပါ။

ခိုင္ႏွင္းေဝကေတာ့ အခုလို မိဘမဲ့ ခိုကိုးရာမဲ့တဲ့ လူမမယ္ကေလးေတြကို စိတ္ရင္းေစတနာအျပည့္ ေမတၱာစစ္ေမတၱာမွန္နဲ႔ ေဂဟာေလးဖြင့္ကာ ျပဳစုေစာင့္ေရွာက္ေနခဲ့တာပါ။ အခုတစ္ေခါက္ကေလးငယ္ေလးကလည္း ေမြးကာစအ႐ြယ္ မိန္းကေလးလည္းျဖစ္တာေၾကာင့္ လိုအပ္တဲ့ေစာင့္ေရွာက္မႈေတြကို ျပဳလုပ္ၿပီး သမီးေလး လူ႔ေလာကထဲ ေခ်ာေမာစြာ ရပ္တည္ရွင္သန္ႏိုင္ဖို႔ ေဂဟာမွာ ေခၚယူေမြးစားေစာင့္ေရွာက္သြားမွာပါတဲ့။

မိဘေတြရဲ႕ စြန႔္ပစ္ျခင္းကိုခံရတဲ့ ဒီသမီးေလးကို ရွင္သန္ခြင့္ေလး ရေအာင္ အတတ္ႏိုင္ဆုံး ကူညီေစာင့္ေရွာက္ေပးပါမယ္လို႔လည္း သမီးေလးအတြက္ စိတ္မေကာင္းျဖစ္ေနခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ ခိုင္ႏွင္းေဝရဲ႕ ေမတၱာဓာတ္ေတြေၾကာင့္ သမီးေလးရဲ႕ ဘဝကသာယာေခ်ာေမြ႕ေစမွာေတာ့ အေသအခ်ာပါပဲေနာ္။

Source – Khine Hnin Wai

error: Content is protected !!