ပုရိသတွေအသည်းတွေတဖြုတ်ဖြုတ်ကြွေသွားတဲ့ မထက်ရဲ့ရိုက်ကွင်းပေါ်က Tik Tok ဗီဒီယိုလေး

Posted on

မိတ်ကပ်ပညာရှင်မထက်ဟာဆိုရင် ပုရိသတွေဝန်းရံမှုအခံရဆုံးသူတစ်ယောက်လည်းဖြစ်ပါ တယ်။ လှပပြီးကျော့ရှင်း တဲ့သူမရဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးဟာ ကိုကိုတို့ရဲ့ အသည်းနှလုံးကို အပြတ်အသတ်လှုပ်ကိုင် နိုင်ခဲ့ပါတယ်။ တကယ့်အမျိုးသမီးအစစ်တွေတောင် လက်မြှောက်အရှုံးပေးရမယ့်အလှတရားတွေနဲ့ သူမဟာ ထင်ထင် ရှားရှားလှလွန်းသူတစ်ယောက်ပါ။

သူမတို့မိတ်ကပ်ပညာရှင်လေးယောက်ပေါင်းပြီး ရိုက်ကူးထားတဲ့ဟာသရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့တာကြောင့် နောက်ထပ်ဇာတ်ကားအသစ်ရိုက်ဖို့ ကမ်းလှမ်းခံရပြီး သူမတို့ကိုယ်တိုင်လည်း အရမ်းကိုပျော်ရွှင်နေခဲ့ရတဲ့အကြောင်းနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းကိုလည်း သူမရဲ့လူမှုကွန်ယက်မှာပြောခဲ့ ပါသေးတယ်။

ဒီနေ့မှာတော့ ထက်ကလေးရဲ့လှပကျော့ရှင်းတဲ့ ကိုယ်ခန္ဓာလေးနဲ့ ချစ်စရာကောင်းတဲ့အပြုံးတွေကို တပြိုင်တည်းတွေ့ရ မယ့် Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ ရင်ခုန်ချင်စရာ လှုပ်ရှားမှုတွေနဲ့ စူးစူးရှရှအကြည့်တွေက တော်ရုံလူမခံနိုင်လောက်အောင်ကြွေချင်စရာပါ။ ပရိသတ်ကြီးလည်း ကြွေသွားအောင်တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Htet Htet Htet
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone