ဆေးရုံမှာဆေးကုသမှုခံယူနေရတဲ့ နန္ဒာလှိုင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချော နန္ဒာလှိုင်ကတော့ နေမကောင်းဖြစ်နေတာကြောင့် ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။ နန္ဒာလှိုင်ကတော့ လက်ရှိမှာအနုပညာအလုပ်တွေမလုပ်တော့ဘဲ ချစ်ခင်ရတဲ့မိသားစုနဲ့ ကုသိုလ်ရေးတွေကိုပဲပြုလုပ်ပြီး ဘဝကိုဖြတ်သန်းနေခဲ့ပါတယ်။

 

နန္ဒာလှိုင်ကတော့ ကိုဗစ်တတိယလှိုင်းကြောင့် ပြည်သူတွေအောက်စီဂျင်လိုအပ်နေတဲ့ချိန်မှာလည်း အောက်စီဂျင်စက်ရုံတည်ထောင်ပြီး အခက်အခဲတွေကို တက်နိုင်သလောက် ဖြေရှင်းပေးခဲ့ပါသေးတယ်။လတ်တလောမှာတော့ နန္ဒာလှိုင်က ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ် ပရိသတ်ကြီးရေ။

 

အခုလို နန္ဒာလှိုင်လည်း ဆေးကုသမှုခံယူနေရတဲ့အကြောင်းကို နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ အခုလို နန္ဒာလှိုင်တစ်ယောက် ဆေးရုံမှာဆေးကုသမှုခံယူရတဲ့အတွက် အမြန်ဆုံးပြန်လည်သက်သာလာစေဖို့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေက ဆုမွန်ကောင်းတောင်းပေးနေခဲ့ကြပါသေးတယ်။

 

Source – Zay Thiha

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Zay Thiha

error: Content is protected !!