မိခင်ကြီး (၂)လပြည့်အတွက် ရည်စူးပြီး လပတ်ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ သွန်းသစ္စာဇော်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး သွန်းသစ္စာဇော်ကတော့ ဒီနေ့မှာ အလှူလေး ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ဆွမ်းကပ်အလှူလေးဖြစ်ပြီး သူ့ရဲ့မိခင်ကြီး ကွယ်လွန်တာ (၂)လပြည့် လပတ်လည်အတွက် ပြုလုပ်တဲ့အလှူလေးပဲဖြစ်ပါတယ်။

 

သွန်းသစ္စာဇော်ကတော့ အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “မေကြီးရေ (၂) လပြည့်သွားပြန်ပြီ။ သမီးတို့ပြုပြုသမျှကုသိုလ်တွေ ထပ်တူထပ်မျှရပါစေ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း အလှူပုံရိပ်လေးတွေကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

 

သွန်းသစ္စာဇော်ကတော့ မိခင်ကြီး ရှိစဉ်ကတည်းကလည်း မိခင်ကြီးကို လုပ်ကျွေးပြုစုစောင့်ရှောက်တဲ့ သမီးလိမ္မာတစ်ယောက်ဖြစ်သလို အခုလို မိခင်ကြီး မရှိတော့တဲ့အချိန်မှာလည်း မိခင်ကြီးအတွက် ရည်စူးပြီးကောင်းမှုတွေကို ပြုလုပ်ပေးတာကြောင့် မိခင်ကြီးကတော့ ကောင်းရဘြုံဘဝကနေ ပီတိဖြစ်သာဓုခေါ်ဆိုနေမှာပါ။

 

Source – Thun Thit Sar Zaw

-Zawgyi Font ဖြင့် ဖတ်ရန်-






error: Content is protected !!