ရင်ထဲရောက်နေတယ်သူက ရှိတယ်လို့တောင်မထင်ဘူးဆိုတဲ့ ညီညီမောင် ( စမ်းချောင်း)

Posted on

ညီညီမောင် ( စမ်းချောင်း ) ကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအသိုင်းဝိုင်းကလူတွေပါ ချစ်ခင်ရတဲ့ သူတစ်ယောက်ပါ ။ ပရိသတ်ကိုအမြဲတစေ ရယ်မောပျော်ရွှင်ရအောင် ဟာသလေးတွေ ဖန်တီးပေးတတ်သလို အပြင်မှာလည်း ပျော်ပျော်နေတတ်တဲ့ နောက်တီးနောက်တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ ဟာသ ဗီဒီယိုလေးတွေကြောင့် ပရိသတ်အားပေးမှုက အရင်ကထက် ပိုမိုများပြားလာတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး ။

 

သုသု ကတော့ အရမ်းကိုချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပေမယ့်လည်း အချစ်ရေးမှာတော့ ကံကောင်းလေ့မရှိပါဘူး ။ သူမအနေနဲ့ လူသိရှင်ကြားထုတ်ဖော်ပြခဲ့တဲ့ချစ်သူနဲ့ တရားဝင်လမ်းခွဲပြတ်စဲပြီးနောက်မှာတော့ နောက်ပိုင်းအချစ်ရေးတွေကို ပရိသတ်တွေကိုပေးမသိတော့ပါဘူး ။ ဒါပေမယ့် ပရိသတ်တွေကတော့ သူမရဲ့ အချစ်ရေးကို အမြဲစောင့်ကြည့် အကဲခတ်နေကြတာပါ ။ သူမကလည်း ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်စေမယ့် ပို့စ်လေးတွေ အမြဲရေးသားတတ်လို့ အချစ်ရေးကတော့ ခန့်မှန်းရခက်နေပါတယ် ။

 

လက်ရှိသူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ” တော်ရုံလူ…ကိုယ့်ရင်ထဲမရောက်ဘူး.. ကိုယ့်ရင်ထဲ..ရောက်လာတဲ့သူကလဲ… ကိုယ့်ကိုရှိတယ်လို့တောင်မထင်ဘူး…ကဲ ဘာသဘောလဲ..ပြော ” လို့ရေးသားထားလို့ ပရိသတ်တွေကတော့ သူမ ရင်ထဲဘယ်သူရောက်နေပြန်သလဲလို့ စဉ်းစားခန်းထုတ်နေကြပါပြီ ။

Source : Nyi Nyi Maung
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Nyi Nyi Maung
Emily ( Cele Zone )