ရုပ်ရှင် ဆက်ရိုက်သင့် မရိုက်သင့် ပရိသတ်ကို မေးခွန်းထုတ်လိုက်တဲ့ မယ်လိုဒီ

Posted on

မယ်လိုဒီကတော့ တစ်ချိန်က ပရိသတ်တွေ အသည်းစွဲချစ်ခဲ့တဲ့ မော်ဒယ်လ်မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ပြစ်မျိုးမှဲ့မထင် အလှတွေကြောင့် နာမည်ကျော်ခဲ့သူလေးပါ ။ အိမ်ထောင်ပြုပြီး သားလေးနဲ့ခင်ပွန်းသည်ကို အချိန်ပေးနေရလို့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်ပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်နေကြဆဲပါ ။ သားလေး သိဒ္ဓိစစ်ကိုချစ်ခင်တဲ့ ပရိသတ်တွေကြောင့်လည်း သူမဟာ ခုချိန်ထိ နာမည်မကျသေးတဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့တာပါ ။

 

 

ရုပ်ရှင်တွေ ရိုက်ကူးမှုမပြုလုပ်တော့မယ် မယ်လိုဒီကတော့ ပွဲတွေကို ပုံမှန်တက်ရောက်နေပြီး ပရိသတ်နဲ့အဆက်မပြတ်အောင် လှုပ်ရှားနေဆဲပါ ။ ဒါပေမယ့် လက်တလောမှာတော့ ပရိသတ်တွေ စိတ်ပူသွားစေမယ့် ပို့စ်တစ်ခုကို သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေရေးသားလိုက်ပါတယ် ။ ” ရုပ်ရှင်ဆက်ရိုက်သင့် မရိုက်သင့် ” ဆိုပြီး ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးကတော့ ဆက်ရိုက်ပါဆိုတဲ့ တူညီတဲ့အဖြေတွေ ပေးခဲ့ကြတဲ့အတွက် မယ်လိုဒီတစ်ယောက် ဘာဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ ။

 

မယ်လိုဒီ တစ်ယောက် အနုပညာလောက ကနေ အနားယူဖို့ဒီမေးခွန်းကိုမေးလိုက်လေခြင်းလားလို့လည်း သံသယဖြစ်မိပေမယ့် သူမချစ်တဲ့အနုပညာကိုတော့အပြီးတိုင် စွန့်လွှတ်မယ်လို့ မထင်ပါဘူး ။ Cele Zone ပရိသတ်ကြီးရော မယ်လိုဒီကို ရုပ်ရှင်တွေဆက်ရိုက်ချင်သေးလား ဖြေပေးခဲ့ပါဦး ။

Source : Melody
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Melody
Emily ( Cele Zone )