ပါးဖောင်းဖောင်းနဲ့ လူကြီးကိုချစ်လို့ရလားလို့ မေးခွန်းထုတ်လိုက်တဲ့ ပိုင်ဖြိုးသု

Posted on

ပိုင်ဖြိုးသု ကတော့ အခုနောက်ပိုင်း ပရိသတ်တွေ လက်ခံအားပေးလာတဲ့ အနုပညာရှင်မင်းသမီးလေးတစ်ယောက် ဖြစ်ပြီး အခုလိုမအောင်မြင်ခင်မှာ အများကြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့ သူတစ်ယောက်ပါ ။ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး ဝါသနာကြီးတဲ့အနုပညာလောကထဲကို ခြေစုန်ပစ်ဝင်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ ။ မကြာသေးမီကမှ ချစ်သူ ဒါရိုက်တာကို ဏကြီးနဲ့ လက်ထက်ခဲ့ကြတာဖြစ်ပြီး အနုပညာအလုပ်တွေကို ဝါသနာတူ ဖန်တီးနေကြတဲ့ လူတိုင်းအားကျရတဲ့ စုံတွဲလေးပါ ။

 

 

တစ်ယောက်အလုပ်ကို တစ်ယောက်က ကူညီရင်း ဝါသနာတူတဲ့ သူမတို့စုံတွဲကတော့ နားလည်မှု ချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားကြတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ခွင့်ရထားကြတာပါ ။ သုသု နဲ့ ကိုဏကြီးတို့နှစ်ယောက်လုံးက တခြားစုံတွဲတွေလို မရိုတတ်ကြပေမယ့် ပရိသတ်တွေကတောင် အားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်ချစ်ကြတဲ့ စုံတွဲတွေပါ ။ အခုလည်း သုသုက သူမရဲ့မိုင်ဒေး မှာ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးရဲ့ Snap ပုံလေးတစ်ပုံကို တင်ပြီး ပါးဖောင်းဖောင်းနဲ့လူကြီးကိုချစ်လို့ရမလားလို့ ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တာပါ ။

 

 

ချစ်သူသက်တမ်း ၅ နှစ်ကျော်မှာ လက်ထက်ခဲ့ကြပြီး အိမ်ထောင်သည်ဘဝကို ရောက်နေကြပြီဆိုပေမယ့် အချစ်တွေကတော့ နုပျိုလတ်ဆတ် ဆဲဖြစ်ကြောင်း သူမရဲ့ မိုင်ဒေးလေးက သက်သေပြလိုက်တာပါ ။ မရိုတတ်ပေမယ့် အချစ်ကြီးတဲ့ သူမတို့ ဇနီးမောင်နှံကို ပရိသတ်ကြီးက မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော် ။

Source : Paing Phyoe Thu
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Paing Phyoe Thu
Emily ( Cele Zone )