Fan Meeting မတိုင်ခင် ပရိသတ်တွေကို သတိပေးလိုက်တဲ့ ဝတ်မှုံရွှေရည်
Posted on
ဝတ်မှုံရွှေရည်ကတော့ ကိုရီးယားမလေးလို ချစ်စဖွယ်ကောင်းတဲ့မင်းသမီးချောလေးတစ်ယောက်ဖြစ်ပြီး အမာခံပရိသတ်တွေအခိုင်အမာရရှိထားတဲ့ မင်းသမီးလေးတစ်ယောက်ပါ ။ ကစ်ရဲ့ ဖန်တွေကတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိပြီး ဖန်တွေကိုလေးစားချစ်ခင်တတ်တဲ့ မင်းသမီးလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ လက်ရှိမှာတော့ ကစ်တစ်ယောက် သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့တွေ့ဆုံဖို့အစီစဉ်လေးတစ်ခုလုပ်ခဲ့ပါတယ် ။
အဲဒါကတော့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံမယ့် ဖန်မီတင်ဖြစ်ပြီး ပရိသတ်တွေကတော့ ကစ်နဲ့တွေ့ရမှာမို့ အရမ်းကိုပျော်ရွှင်နေကြပါပြီ ။ Fan Meeting လုပ်ရခြင်းအဓိကရည်ရွှယ်ချက်က သူမရဲ့ KFC တွေကို အဓိကတွေ့ချင်တာဖြစ်ပြီး တွေ့ချင်တာများ FB မှာနေ့တိုင်းတွေလို့ရတာဘဲလို့မပြောနဲ့ရှင် လို့ ကစ်က သူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ် ။ ” တကယ်တော့ fb မှာတွေ့တာထက်အပြင်မှာ တမင်တွေ့ဖို့ ဖန်တီးဖစ်တာက ကစ်ရဲ့ KFC တွေကို ဘယ်လောက်တန်ဖိုးထားလည်းဆိုတာသိစေချင်လို့ပါနော် .. နောက်ပြီး ကစ်ကို ချစ်တဲ့သူတွေနဲ့ အတူတူလှူချင်တာ .. အဲ့ဒါမှ ကုသိုလ်အတူယူပြီး ရေစက်ထပ်ဆုံအောင်လို့လေ ။ ကဲ မနက်ဖြန် တွေ့ကြမယ် ။ ပျော်ကြမယ် ။ ” ဆိုတဲ့စာသားလေးနဲ့အတူ ဖန်မီတင်မတိုင်ခင်ပရိသတ်တွေကို ချစ်စဖွယ်သတိပေးစကားပြောခဲ့တာပါ ။
နိုဝင်ဘာလ ၂၁ ရက်နေ့အမျိုးသားနေ့မှာ ကစ်က သူမရဲ့ပရိသတ်တွေနဲ့အတူ Junction Square Outdoor မှာ ညနေ ၄ နာရီတွေ့ဆုံမှာဖြစ်ပြီး ဖန်တွေကတော့ ကစ်နဲ့တွေ့ဖို့ရင်ခုန်စိတ်လှုပ်ရှားနေကြပြီထင်ပါတယ် ။ မနက်ဖြန်မှာလည်း ကစ်နဲ့ ဖန်တွေရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာထက်နေ စောင့်မျှော်ပေးပါဦးနော် ။
Source : Wutt Hmone Shwe Yee
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်
Emily ( Cele Zone )