ရှုတင်အပြီးမှာ စက်မှုအဖွဲ့သားတွေအားလုံးကို ဆန်တစ်အိတ်နဲ့ ဆီတစ်ပုံးအလှူလုပ်နေတဲ့ အိချောပိုရဲ့ဗီဒီယို

Posted on

ကောက်ကြောင်းအလှတွေရဲ့ထင်ရှားမှုမှာ ဘုရင်မလို့တောင်တင်စားရလောက်တဲ့ ပရိသတ်အချစ်တော် အိချောပိုတစ်ယောက် ကြည်နူးစရာအလှူလေးကို အမြဲလိုလိုလုပ်တတ်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူမက အမြဲလိုလိုရှုတင်စက်အဖွဲ့သားတွေ အတွက် ဆန်နဲ့ဆီ အလှူပြုတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကျောသားရင်သားမခွဲခြားပဲ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အပေါ် ကျေးဇူးသိတတ်တဲ့ စူစူ့ရဲ့လုပ်ရပ်လေးက လေးစားစရာပါပဲနော်။

အရမ်းကြီးမပြည့်စုံကြတဲ့လူမှုအသိုင်းအဝိုင်းမှာ ရှင်သန်ရပ်တည်နေပြီး အနုပညာရှင်တွေအတွက် ထောက်တိုင်တစ်ခုအဖြစ် မားမားမတ်မတ်နဲ့ သတ္တိရှိစွာရပ်တည်ပေးခဲ့ကြတဲ့ စက်အဖွဲ့ဟာလည်း အနုပညာရှင်တွေရဲ့ သွေးသားတွေလိုပါပဲ။ အားလုံးကို တရင်းတနှီးနဲ့ လိုအပ်နေတဲ့ရေအိုးတွေကို ဖြည့်ပေးတတ်တဲ့ အေးချမ်းတဲ့ရေလေးအဖြစ်နဲ့ စူစူတစ်ယောက် အမြဲတမ်း ကာလဒါနလုပ်တတ်သူ လေးတစ်ယောက်ပါ။

သူမရဲ့ကြည်နူးစရာ အလှူပြုနေတဲ့ ဗီဒီယိုလေးကို ” ဒီနေ့ည ရှုတင်အပြီး ထုံးစံအတိုင်း စက်မှုအဖွဲ့ သားတွေအတွက် ဆန်နဲ့ဆီ အလှူလေးလုပ်ဖြစ်ခဲ့ပါ တယ်ရှင့် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ရုပ်ချောပြီး ခန္ဓာကိုယ်လေးလှရုံသာမကပဲ စိတ်ထားလေး ပါလှပြီး လိုအပ်နေသူတွေကို အမြဲတမ်းကူညီတတ်တဲ့စူစူလေးပါပဲ။ သာဓုပါစူစူရေ ဒီထက်မကအောင်မြင်ပါစေနော်။

Photo – Ei Chaw Po
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ရှုတင်အပြီးမှာ စက်မှုအဖွဲ့သားတွေကို ဆန်နဲ့ဆီတွေအလှူလုပ်နေတဲ့ စူစူရဲ့ဗီဒီယို ”




Photo – Ei Chaw Po
Happy – Cele Zone