ပျိုပျိုမေတို့ရဲ့နှလုံးသားတွေ အရည်ပျော်ကျမတတ်ဖြစ်စေတဲ့ အက်ရှင်မင်းသားခါရာရဲ့ ရင်ခုန်ချင်စရာ Tik Tok ဗီဒီယို

Posted on

ဆစ်ပက်(ခ်)နဲ့အရမ်းကိုလန်းနေတဲ့ အက်ရှင်မင်းသားခါရာတစ်ယောက် ညနေခင်းရဲ့လှပတဲ့ ကောင်းကင်အောက်မှာ အရမ်းကို မိမိုက်နေတဲ့ Tik Tok ဗီဒီယိုလေးကို ရိုက်ကူးခဲ့တာပဲဖြစ်ပါ တယ်။ အက်ရှင်ဇာတ်ကားတွေကိုသာ အဓိကထားရိုက်ကူးပြီး ကိုယ့်ရဲ့ကာရိုက်တာပေါ်မှာလည်း တာဝန်ကျေတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ ကိုရီးယားမင်းသားတွေလို ချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ အမိုက်စားဘော်ဒီကြောင့်လည်း ပျိုပျိုမေတို့ရဲ့ ဝန်းရံမှုကို အပြည့်အဝရနေသူ တစ်ယောက်ပါ။

ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေပြီး ပရိသတ်တွေရဲ့အပြတ်အသတ်အားပေးဝန်းရံမှုကို ရရှိနေသူတစ်ယောက်လည်းဖြစ်ပါ တယ်။ အမိုက်စားအက်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားခဲ့ပြီး နောက်ထပ်လည်းအလန်းစားတွေကိုဖန်တီးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ညနေခင်းရိုက်ကွင်းခဏနားတုန်း ရိုက်ကူးထားတဲ့ Tik Tok ဗီဒိယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

အထွေးအထူးတွေမပါပဲ အရယ်အပြုံးလေးတွေနဲ့ပဲ ပျိုပျိုမေတို့ရဲ့ နှလုံးသားတွေကို အရည်ပျော်ကျေ အာင်ဖမ်းစားသွားနိုင်တဲ့ ဒီဗီဒီယိုလေးကို ” ညနေခင်းမှာ ရိုက်ကွင်းခဏနားချိန်ဝယ် ” ဆိုပြီးတင်ထား တာပဲဖြစ်ပါတယ်။ အက်ရှင်မင်းသားက ဒီလိုအနုအရွလေးတွေလည်း ဖြစ်တာပဲနော်။ ရင်ခုန်ချင်စရာ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Khar Ra
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)


 




Photo – Khar Ra
Happy – Cele Zone