မေမေစန္ဒီမြင့်လွင်ရဲ့ တစ်ကိုယ်တော်ရေကူးချန်ပီယံလေးဖြစ်ခဲ့တဲ့ သမီးလေးထရက်ရှာ
Posted on
ကလေးတွေရဲ့ကိုယ်ခန္ဓာလှုပ်ရှားမှုအပိုင်းနဲ့ပက်သက်ပြီး ငယ်စဉ်ကတည်းက မိဘတွေက သေချာထိန်းကျောင်းလေ့ကျင့်ပေး ရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မေမေစန္ဒီမြင့်လွင် တစ်ယောက် သမီးလေးထရက်ရှာကို ဘောကွင်းလေးစွပ်ကာ ကလေးရေကန်အသေးလေးထဲမှာ ကူးခိုင်းနေတဲ့ ပုံရိပ်လေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။ အမေတူသမီးလေးက အရမ်းကိုချစ်ဖို့ကောင်းလွန်းနေခဲ့ပါတယ်။
တစ်တစ်တုတ်တုတ် ထရက်ရှာလေးကတော့ အခုမှရေထဲစဆင်းတာဆိုပေမယ့် မငိုပဲ သတ္တိရှိရှိနဲ့ မေမေ့ကိုစိတ်ကျေနပ်စေခဲ့ပါ တယ်။ ရေထဲမှာအေးအေးလူလူစိမ်နေတဲ့ သမီးလေးရဲ့ပုံရိပ်လေးတွေက အရမ်းကိုအသည်းယားချင်စရာပါပဲ။ ဖောင်းတစ်နေတဲ့ ပါးလေးနှစ်ဖက်ဟာ မြင်သူတိုင်းနမ်းချင်စရာပါ။ အမေတူသမီးလေးကတော့ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေဆဲပါ ပဲ။
သမီးလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ” အခုဆိုရင်တော့ဖြင့် လာမယ့် အိုလံပစ်မှာ ယှဉ်ပြိုင်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ရေကူးချန်ပီယံ တစ်တစ်တုတ်ကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ချန်ပီယံက အခုမှ ရေထဲ စဆင်းတာ ဖြစ်ပေမယ့် မငိုပါဘူး။ တော်တော်လေး သတ္တိကောင်းပါတယ် ခင်ဗျ။ ဒီအချက်တွေကြောင့်ပဲ လာမယ့်ပွဲစဉ်တွေမှာလည်း စောင့်ကြည့်ရမယ့် သူ တစ်ဦးဖြစ်နေပါပြီ ခင်ဗျ။ ” ဆိုပြီး ချစ်စဖွယ်ရေးသားထားတာပဲဖြစ်ပါတယ်။
Photo – Sandi Myint Lwin
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Sandi Myint Lwin
Happy – Cele Zone