မန္တလေးလမ်းမကြီးရဲ့မီးပွိုင့်ထိပ်မှာ ဒုက္ခရောက်နေတုန်း ပန်းရောင်းတဲ့ကလေးတွေရဲ့ ကူညီမှု ကြောင့် အဆင်ပြေသွားခဲ့ရတဲ့ G-Fatt ရဲ့ ဖြစ်စဉ်
Posted on
ဖျော်ဖြေပွဲအတွက်လက်ရှိမှာ မန္တလေးမြို့ကိုရောက်ရှိနေတဲ့ အဆိုတော် G-Fatt တစ်ယောက် မန္တလေးက ပြန်မယ့်ညမှာပဲ သူငယ်ချင်းရဲ့ကားကို ခဏယူမောင်းလာပြီးနောက်မှာ ကိုယ့်ကားနဲ့ မှားကာ ဓာတ်ဆီကို ဒီဇယ်ဖြည့်မိတာကြောင့် ကားက မီးပွိုင့်ထိပ်မှာ ထိုးရပ်သွားခဲ့ပြီး မီးပွိုင့်စိမ်းချိန် မှာတော့ နောက်ကားတွေငအဆက်မပြတ်ဟွန်းတီးတဲ့ဒဏ်ကို အလူးအလဲခံခဲ့ရ ပါတယ်။ ဒီအချိန်မှာ ကယ်တင်ရှင် ပန်းရောင်းတဲ့ကလေးတွေရောက်လာခဲ့ပြီး ကားပျက်နေကြောင်းနဲ့ ကားကိုကျော် သွားကြဖို့ နောက်ကားတွေကို အော်ဟစ်သတိပေးခဲ့ပြီး ကားကိုလည်းလမ်းဘေးကို တွန်းပေးခဲ့ကြပါတယ်တဲ့ ပရိသတ်ကြီးရေ။
ဒီနောက်မှာတော့ ကားကိုပြင်ဆင်ပြီး အားလုံးအဆင်ပြေသွားပြီးနောက်မှာတော့ ကလေးတွေကို ရှိုးပွဲလက်မှတ် တစ်စောင်စီ ပေးခဲ့ပြီး တီရှပ်လည်း တစ်ယောက်တစ်ထည်စီ လက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ဟာလည်း ပန်းရောင်းတာကိုတစ်ရက်နားပြီး ရှိုးပွဲကိုမရောက်ရောက်အောင်အားပေးမှာဖြစ်ကြောင်းနဲ့ လာဖြစ်ရင်တော့ အပြင် လေးထွက်ခေါ်ဖို့ ပြောခဲ့ပါတယ်။ ဖြူစင်တဲ့စိတ်ထားလေးတွေနဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေက မန္တလေးမြို့ကို ဂုဏ်တက်စေခဲ့ပါတယ်။
G-Fatt တစ်ယောက် ဒီဖြစ်စဉ်လေးကို ” ဖြစ်ပုံကဒီလို မန္တလေးကပြန်မယ့်ညဘက် သူငယ်ချင်းက ကားခဏပေးသုံးထားလို့ မြို့ပါတ်ပြီးဒိုးနေတုန်း ဆီကုန်ခါနီးမို့ ဆီဝင်ထည့်တယ် သူ့ကားက 92 ထည့်ရမှာ ကိုယ်ကကိုယ့်ကားနဲ့မှားပြီး ဒီဇယ်ထည့်လိုက်မိ တယ် အဲ့အထိလဲသတိမထားမိဘူး .. ၃၅ လမ်းအတိုင်း တစ်ယောက်တည်းမောင်းလာတုန်း ၃၅ လမ်း ၆၂ ထောင့်လဲရောက်ရော ကားက မီးပွိုင့်ကြီးအလယ်မှာထိုးရပ်သွားပါလေရော စက်လဲပြန်နှိုးမရ သူငယ်ချင်းတွေဆီ ဖုန်းဆက်ဖို့ကလဲ ဖုန်းအားက 2 % ပဲရှိတော့တယ် လမ်းက သူများဖုန်းငှားဆက်ဖို့ကလဲ ဘယ်သူ့ဖုန်းမှလဲအလွတ်မရ ရှိတဲ့ 2% လေးနဲ့ သူငယ်ချင်းတစ်ယောက်ဆီ အသဲအသန်ဆက်တယ် သကောင့်သားကမကိုင်ဘူး နောက်ကိုင်တဲ့တစ်ယောက်ကိုကျအဖြစ်အပျက်ကိုအမြန်ပြောလိုက်ရတယ် ပြောရင်း ဖုန်းကစက်ပိတ် သွားတယ် တဖက်ကကြားသွားလားမကြားသွားလားလဲမသိ နောက်ကားတွေကလဲ ဟွန်းတွေ အသေတီးနေပြီ .အဲ့မှာ စတွေ့တာတာပဲ မီးပွိုင့်မှာ ပန်းရောင်းတဲ့ ခလေးတွေ ဘေးနား ရောက်လာတယ် ကိုကြီး Gfatt ဘာဖြစ် လို့လဲ ဘာကူညီရမလဲပေါ့ အဲ့တာနဲ့ * နောက်ကားတွေကို ဝိုင်းပြောပေးကြပါ ကိုကြီးကားပျက်နေလို့ ကျော်သွားကြပါလို့ * ဆိုပြီး အကူအညီတောင်းတော့ သံပြိုင်အော်ကြပါလေရော *ကိုGfatt ကားပျက်နေလို့ ကျော် သွားကြပါ ကျော်သွားကြပါ * တဲ့ ကားတွေရော ဆိုင်ကယ်တွေပါ ဘေးက ဝိုင်းကြည့်သွားကြတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး ခဏကြာတော့ အခြေအနေမဟန်တော့ဘူး အဲ့ခလေးလေးတွေက ကားကို ဝိုင်းတွန်း ပေးမယ်တဲ့ လမ်းဘေးရပ်လိုက်ပါဆိုပြီး ဝိုင်းတွန်းကြပါ လေရော အဲ့တာနဲ့ ကားလဲလမ်းဘေးရောက် သူငယ်ချင်းတွေလဲ ရောက်လာကြတယ် အဲ့လမ်းမဘေးမှာပဲ ကားပြင်ကြတာပေါ့ ခလေးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ Show ပွဲလက်မှတ်တစ်ယောက်တစ်ဆောင်နဲ့ အိင်္ကျီတွေ လက်ဆောင်ပေး လိုက်တယ် ကိုကြီးပွဲလာခဲ့ကြနော်လို့ ပြောတော့ဘာပြန်ပြောတယ်မှတ်လဲ ပန်းရောင်းတာ တစ်ရက် နားပြီး ကိုကြီးပွဲကိုလာခဲ့မယ် အပေါက် ဝကိုတော့ ထွက်ခေါ်ပေးနော်တဲ့ အမှတ်တရ ညပါပဲ ကျေးဇူးရှင်လေးတွေလဲ နေ့တိုင်း ပန်းရောင်းကောင်းကြပါစေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။
Photo – G-Fatt
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
G-Fatt တစ်ယောက် ဒီဖြစ်စဉ်လေးကို ” ဖြစ်ပုံကဒီလို မန္တလေးကပြန်မယ့်ညဘက် သူငယ်ချင်းက ကားခဏပေးသုံးထားလို့ မြို့ပါတ်ပြီးဒိုးနေတုန်း ဆီကုန်ခါနီးမို့ ဆီဝင်ထည့်တယ် သူ့ကားက 92 ထည့်ရမှာ ကိုယ်ကကိုယ့်ကားနဲ့မှားပြီး ဒီဇယ်ထည့်လိုက် မိတယ် အဲ့အထိလဲသတိမထားမိဘူး .. ၃၅ လမ်းအတိုင်း တစ်ယောက်တည်းမောင်းလာတုန်း ၃၅ လမ်း ၆၂ ထောင့် လဲရောက်ရော ကားက မီးပွိုင့်ကြီးအလယ်မှာထိုးရပ်သွားပါလေရော စက်လဲပြန်နှိုးမရ သူငယ်ချင်းတွေဆီ ဖုန်းဆက်ဖို့ ကလဲ ဖုန်းအားက 2 % ပဲရှိတော့တယ် လမ်းက သူများဖုန်းငှားဆက်ဖို့ကလဲ ဘယ်သူ့ဖုန်းမှလဲအလွတ်မရ ရှိတဲ့ 2% လေးနဲ့ သူငယ်ချင်းတစ်ယောက်ဆီအသဲအသန်ဆက်တယ် သကောင့်သားကမကိုင်ဘူး နောက်ကိုင်တဲ့တစ်ယောက်ကိုကျအဖြစ်အပျက်ကို အမြန်ပြောလိုက်ရတယ် ပြောရင်း ဖုန်းကစက်ပိတ် သွားတယ် တဖက်ကကြားသွားလားမကြားသွားလားလဲမသိ နောက်ကားတွေကလဲ ဟွန်းတွေအသေတီးနေပြီ .အဲ့မှာ စတွေ့တာတာပဲ မီးပွိုင့်မှာ ပန်းရောင်းတဲ့ ခလေးတွေ ဘေးနား ရောက်လာတယ် ကိုကြီး Gfatt ဘာဖြစ်လို့လဲ ဘာကူညီရမလဲပေါ့ အဲ့တာနဲ့ * နောက်ကားတွေကို ဝိုင်ြးေ ပာပေးကြပါ ကိုကြီးကားပျက်နေလို့ ကျော်သွားကြပါလို့ * ဆိုပြီး အကူအညီတောင်းတော့ သံပြိုင်အော် ကြပါလေရော *ကိုGfatt ကားပျက်နေလို့ ကျော် သွားကြပါ ကျော်သွားကြပါ * တဲ့ ကားတွေရော ဆိုင်ကယ်ေ တွပါ ဘေးက ဝိုင်းကြည့်သွားကြတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး ခဏကြာတော့ အခြေအနေ မဟန်တော့ဘူး အဲ့ခလေးလေးတွေက ကားကို ဝိုင်းတွန်း ပေးမယ်တဲ့ လမ်းဘေးရပ်လိုက်ပါဆိုပြီး ဝိုင်းတွန်းကြ ပါလေရော အဲ့တာနဲ့ ကားလဲလမ်းဘေးရောက် သူငယ်ချင်းတွေလဲ ရောက်လာကြတယ် အဲ့လမ်းမဘေးမှာပဲ ကားပြင်ကြတာပေါ့ ခလေးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ Show ပွဲလက်မှတ်တစ်ယောက်တစ်ဆောင်နဲ့ အိင်္ကျီတွေ လက်ဆောင်ပေး လိုက်တယ် ကိုကြီးပွဲလာခဲ့ကြနော်လို့ ပြောတော့ဘာပြန်ပြောတယ်မှတ်လဲ ပန်းရောင်းတာ တစ်ရက် နားပြီး ကိုကြီးပွဲကိုလာခဲ့မယ် အပေါက်ဝကိုတော့ ထွက်ခေါ်ပေးနော်တဲ့ အမှတ်တရ ညပါပဲ ကျေးဇူးရှင် လေးတွေလဲ နေ့တိုင်း ပန်းရောင်းကောင်းကြပါစေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။
Photo – G-Fatt
Happy – Cele Zone