ဘေဘီမောင်ကိုတစိမ့်စိမ့်ကြည့်ရင်း ဆုံးရှုံးရမှာပိုကြောက်လာတယ်ဆိုတဲ့ သားဂန်း
Posted on
လိုက်ဖက်ညီလွန်းတဲ့စုံတွဲလေးဖြစ်တဲ့ သားဂန်းနဲ့ဘေဘီမောင်တို့နှစ်ယောက်သားကတော့ လက်ရှိမှာကမ်းခြေကိုရောက်ရှိ နေတာဖြစ်ပြီး ရိုဆန်ဆန်ပုံရိပ်လေးတွေနဲ့ အားလုံးကို အားကျအောင်လုပ်လိုက်ပြန်ပါပြီပရိသတ်ကြီးရေ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီချစ်ခြင်းမေတ္တာလေးက နွေးထွေးလုံခြုံနေတာမို့ ဘေဘီတစ်ယောက် အရမ်းကိုစိတ်ချမ်းသာနေရပါတယ်။
ကမ်းခြေမှာနှစ်ယောက်သားရိုက်ကူးထားတဲ့ ပုံရိပ်လေးမှာ သားဂန်းကတော့ ဘေဘီ့ကို တစိမ့်စိမ့်ကြည့်ပြီး တရိပ်ရိပ်နဲ့ အချစ်တွေတိုးလာနေတယ်ဆိုတာ ပုံရိပ်လေေးတွေက သက်သေပါပဲ။ ” မ နဲ့ မောင် ” ဇာတ်လမ်းလေးဟာ အရမ်းကိုရိုမန့်တစ် ဆန်ပြီး ကြည်နူးစရာကောင်းလွန်းတာမို့ ပရိသတ်တွေကလည်း နှစ်ယောက်သားကိုသဘောကျပြီး မင်္ဂလာပွဲလေးကိုလည်း မျှော်လင့်နေခဲ့ပါတယ်။
ကမ်းခြေမှာရိုက်ကူးထားတဲ့ နှစ်ယောက်သားရဲ့ကြည်နူးစရာအပြုံးပုံရိပ်လေးတွေကို သားဂန်းတစ်ယောက် ” ချစ်သူကို ကြည့်ရင်းနဲ့ပိုလှလှလာလေ တစ်နေ့တခြားဆုံးရှုံးရမှာကိုကြောက်မိ လာတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာစုံတွဲလေးက ကမ်းခြေမှာအရမ်းကို ပျော်နေတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်မယ်နော်။
Photo – Thar Gan
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Thar Gan
Happy – Cele Zone