ကျရာဇာတ်ရုပ်အပေါ်မှာ တာဝန်အကျေဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် ပြင်ဆင်နေတဲ့ ရဲလေး

Posted on

ဂီတလောကမှာရော အနုပညာနယ်ပယ်မှာပါ အောင်မြင်တဲ့အဆိုတော်သရုပ်ဆောင်ရဲလေး တစ်ယောက် သီချင်းခွေအသစ် ထွက်ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ အခြေခံ လူတန်းစားတစ်ရပ်ရဲ့ နေထိုင်မှုပုံရိပ်ကို ပေါ်လွင်အောင်ဝတ်စားပြီး ကာရိုက်တာနဲ့အံဝင်ခွင်ကျဖြစ်အောင်နေထိုင်တဲ့ ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။

ဆံပင်တွေရှုပ်ပွ အင်္ကျီဖရိုဖရဲနဲ့ လမ်းဘေးကွမ်းယာဆိုင်မှာကွမ်းဝယ်နေတဲ့ ခပ်ပေပေယောကျာ်းတစ်ယောက်ရဲ့ ပုံစံလေး အတိုင်းပြုပြင်ထားတာက သဘာဝကျလွန်းနေပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ များများစားစားသိပ်မပါပေမယ့် ကျရာ ဇာတ်ရုပ်တိုင်းမှာလည်း တာဝန်ကျေစွာသရုပ်ဆောင်နိုင်ခဲ့တဲ့ ဝါရင့်အဆိုတော် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်ကိုယ်တည်းလူပျိုကြိးအဖြစ်နဲ့ အေးအေးလူလူဖြတ်သန်းနေတဲ့ ပျိုပျိုမေတို့ရဲ့အသည်းကျော်ဆိုလည်း မမှားပါဘူးနော်။

နှင်းဆီအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကိုပျော်ရွှင်ရအောင် ဟာဒယရွှင်ဆေး တိုက်ကျွေး တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အပိုအလိုတွေမပါပဲ သဘာဝကျကျသရုပ်ဆောင်မယ့် ရဲလေးရဲ့ဇာတ်ကားလေးဟာ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာ တော့ ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပေါ့နော်။ ကာရိုက်တာနဲ့ အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးနေပုံကတော့ လေးစားစရာပါ။

Photo – Ye Tun Min
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” က်ရာဇာတ္ရုပ္အေပၚမွာ တာဝန္အေက်ဆံုးနဲ႔ အပီျပင္ဆံုးျဖစ္ေအာင္ ျပင္ဆင္ေနတဲ့ ရဲေလး ”

ဂီတေလာကမွာေရာ အႏုပညာနယ္ပယ္မွာပါ ေအာင္ျမင္တဲ့အဆိုေတာ္သရုပ္ေဆာင္ရဲေလး တစ္ေယာက္ သီခ်င္းေခြ အသစ္ထြက္ျပီးေနာက္ပိုင္း ရုပ္ရွင္ဇာတ္ကားေတြမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့ပါေသးတယ္။ ဒီတစ္ေခါက္မွာေတာ့ အေျခခံ လူတန္းစားတစ္ရပ္ရဲ႕ ေနထိုင္မႈပံုရိပ္ကို ေပၚလြင္ေအာင္ဝတ္စားျပီး ကာရိုက္တာနဲ႔အံဝင္ခြင္က်ျဖစ္ေအာင္ေနထိုင္တဲ့ ပံုရိပ္ တစ္ခ်ိဳ႕ကို လူမႈကြန္ယက္မွာေဝမွ်လိုက္တာပဲျဖစ္ပါတယ္။

ဆံပင္ေတြရႈပ္ပြ အက်ၤီဖရိုဖရဲနဲ႔ လမ္းေဘးကြမ္းယာဆိုင္မွာကြမ္းဝယ္ေနတဲ့ ခပ္ေပေပေယာက်ာ္း တစ္ေယာက္ရဲ႕ပံုစံေလးအတိုင္းျပဳျပင္ထားတာက သဘာဝက်လြန္းေနပါတယ္။ ရုပ္ရွင္ဇာတ္ကားေတြမွာ မ်ားမ်ားစားစား သိပ္မပါေပမယ့္ က်ရာဇာတ္ရုပ္တိုင္းမွာလည္း တာဝန္ေက်စြာသရုပ္ေဆာင္ႏိုင္ခဲ့တဲ့ ဝါရင့္အဆိုေတာ္ သရုပ္ေဆာင္တ စ္ေယာက္လည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ တစ္ကိုယ္တည္းလူပ်ိဳၾကိးအျဖစ္နဲ႔ ေအးေအးလူလူျဖတ္သန္းေနတဲ့ ပ်ိဳပ်ိဳေမတို႔ရဲ႕အသည္းေက်ာ္ဆိုလည္း မမွားပါဘူးေနာ္။

ႏွင္းဆီအဖြဲ႕ဝင္တစ္ေယာက္ျဖစ္ျပီး ပရိသတ္ေတြကိုေပ်ာ္ရႊင္ရေအာင္ ဟာဒယရႊင္ေဆး တုိက္ေကြ်း တတ္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ အပိုအလိုေတြမပါပဲ သဘာဝက်က်သရုပ္ေဆာင္မယ့္ ရဲေလးရဲ႕ဇာတ္ကားေလးဟာ ဘယ္လုိပံုစံျဖစ္မယ္ဆိုတာေတာ့ ရင္ခုန္စြာနဲ႔ေစာင့္ေမွ်ာ္ရမွာေပါ့ေနာ္။ ကာရိုက္တာနဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ဖန္တီးေနပံု ကေတာ့ ေလးစားစရာပါ။

Photo – Ye Tun Min
Happy – Cele Zone