ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လာတဲ့ ဖောတာ ဝတာတွေကိုဝေဖန်သူတွေကို ထိထိမိမိပြောလိုက်တဲ့ မိုးယုစံ
Posted on
သားလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝလေးမှာ အေးချမ်းနေတဲ့ မေမေမိုးယုစံကတော့ တစ်သားမွေးတစ်သွေးလှနေသူလေးပါပဲ။ ချစ်စရာကောင်းတဲ့သားလေး ကြောင့် အနုပညာအလုပ်တွေမှာ သိပ်မတွေ့ရတော့ပဲ မိသားစုကိုပဲ အချိန်အပြည့်အဝပေးနေခဲ့ တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမကိုယ်ဝန်ဆောင်တုန်းက ပုံရိပ်လေးတစ်ခုနဲ့ ဟာသပုံရိပ်လေး တစ်ခုကိုတွေ့မြင်ခဲ့ပြီးနောက် မိခင်တွေအားလုံးကိုယ်စား ထိထိမိမိပြောဆိုခဲ့ပါတယ်။
အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တက်တာကြောင့် ဖောတာတွေ ဝတာတွေ ဖြစ်လာတဲ့လက္ခဏာတွေကို အပျိုတုန်းကနဲ့ အိမ်ထောင်ရှင်ဘဝက ပုံရိပ်တွေကို နှိုင်းယှဉ်ပြီး စနောက်ခဲ့သူတွေကို ထိထိမိမိပြောခဲ့တာပဲဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း မိခင်ဖြစ်လာပြီဆိုတော့ မိခင်တွေရဲ့နေရာမှာ ဝင်ခံစားပေးပြီး အခုလိုခွန်းတုန့်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါ တယ်။
သူမရဲ့ခံစားချက်တွေကို ” မေမေတို့ရေ.အော် ကိုယ်ဝန်လွယ်ထားရတုန်းက ကိုယ်ဝန်ဆိပ်တတ်လို့ မိခင်တိုင်းလိုလို ဖောတာ ဝတာဖြစ်ကြတာပဲ ဒါကိုနားမလည်ကြတာ လူကမွေးတာတွေ ဟုတ်ကြရဲ့ လားလို့‌တောင်ထင်မိတယ် ကိုယ်ဝန်နဲ့တုန်းကလည်း ဝေဖန်ခံရတာ အဲ့ချိန်သွေးနုသားနု စိတ်အကျ အတက်လွယ်တဲ့အချိန်မှာ လျစ်လျူရူနိုင်လို့ပေါ့ အဲ့လိုသာမလုပ်နိုင်ရင်ဝေဖန် လေကန်တဲ့သူတွေရဲ့ ပီးစလွယ် အပြောတွေကြောင့် ဟိုတခါကိုရီးယားမင်းသမီးလိုဖြစ်သွားနိုင်တယ် ကြာတော့လည်း ဘာပြောပြောကို ကိုယ့်တွက်အရေးမပါပါဘူးလေဆိုပီး နေတတ်လာပါပီလို့ (ဒီပုံလေးတွေ့လို့ မေမေတွေအစား ပြောပေးတာပါ နော် မေမေတွေကိုမဝေဖန်ပါနဲ့လို့ လူ့လောကထဲရောက်လာအောင် မေမေတွေက မွေးထုတ်ပေးခဲ့တာ သင်ကိုယ်တိုင်လည်းပါပါ တယ် မေမေတွေ ဝလာတာ အရင်လို မလှတော့တာ ခန္ဓာကိုယ်ပုံပျက်စီးသွားတာ ဒါတွေက သင်တို့ကိုယ်တိုင်အတွက် မေမေတွေပေးဆပ် ခဲ့ရတာပါ ဘယ်သူကတော့မလှချင်ဘဲနေမလဲ အချိန်တခုပဲလိုတာပါ မေမေတွေလှ‌လာအောင် အချိန်ပေးနိုင် ရင် လှချင် စိတ်တွေပြန်ရှိလာရင် အပျိုလေးရှုံးမယ်မှတ်ပါ မလုပ်သေးတာပဲရှိတာပါ ဟုတ်လားမေမေတို့ရေ) ” ဆိုပြီး ပြောပြခဲ့ တာပဲဖြစ်ပါတယ်။
Photo – Moe Yu San
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Moe Yu San
Happy – Cele Zone