မေမေ့ကိုနှိပ်ပေးတဲ့အပြင် အိမ်ကိုပါကြမ်းတိုက်ပေးတဲ့ ချောရတနာသမီးလေး Coco ရဲ့ ဗီဒီယို

Posted on

ပျော်စရာမိသားစုဘဝလေးမှာ အရမ်းကိုစိတ်ချမ်းသာနေတဲ့မေမေချောရတနာကတော့ ချစ်ရတဲ့ သားလေးနဲ့သမီးလေးကြောင့် ဘဝကြီးက သာယာစိုပြေနေတာပဲဖြစ်ပါတယ်။ လိမ္မာတဲ့သားလေးနဲ့ သမီးလေးက မေမေ့ကိုသိပ်ချစ်ပြီး စကားနားထောင်ကြ တာမို့ မေမေက ပိုပိုတိုးပြီးချစ်နေရသူလေး တွေပါ။ အရင်ကလောက် အနုပညာအလုပ်တွေကိုသိပ်အချိန်မပေးတော့ပဲ ချစ်ဖို့ကောင်းတဲ့ သားသမီးလေးတွေနဲ့အတူတူ အချိန်ကုန်ဆုံးတတ်ပါသေးတယ်။

ကလေးနှစ်ယောက်မွေးပြီးတာတောင် အပျိုရှုံးအောင်လှနေတဲ့ မေမေချောရတနာကတော့ ဒီပျော်စရာမိသားစုလေးမှာ အရမ်းကိုကြည်နူးနေရလွန်းလို့ စိတ်ပျိုပြီးကိုယ်နုနေခဲ့ပါတယ်။ ညီမဖြစ်သူသန္တာဗိုလ်နဲ့လည်း အနုပညာအလုပ်တွေ အတူတူ လုပ်ကြပြီး ညီမလေးကို လက်တွဲခေါ်ခဲ့တဲ့ အမကြီးအမိရာပီသသူပါ။

ချစ်စရာသမီးလေးက မေမေ့ကိုနှိပ်ပေးပြီး မေမေ့ခြေထောက်ကို သန့်ရှင်းရေးလုပ်ပေးတဲ့အပြင် ကြမ်းတွေလည်းတိုက်နေတဲ့ ဗီဒီယိုလေးကို ” ကိုယ့်သမီးရဲ့ လိမ္မာချက် ” ငယ်ငယ်လေးနဲ့ အရမ်းကိုသိတတ်ပြီး မေမေ့ကို ကူညီတတ်တဲ့ ချစ်စရာသမီးလေး Coco ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Chaw Yadanar
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Chaw Yadanar
Happy – Cele Zone