ချစ်ရတဲ့ ခင်ပွန်းမရှိတော့ပေမယ့် အားမငယ်ဘဲ အရင်ထက် နှစ်ဆကြိုးစား ရှင်သန်ရင်း သားသမီးတွေကို အစွမ်းကုန် စောင့်ရှောက်ပေးမယ့် နန်းမြတ်ဖြိုးသင်း

တတိယလှိုင်း ကိုဗစ် ကာလမှာ လူတိုင်း တော်တော်များ ရောဂါကို ကြုံတွေ့ ရင်ဆိုင်ရသလို ချစ်ရတဲ့သူတွေကိုပါ ဆုံးရှုံးခဲ့ကြရပါတယ် ။ ရောဂါကြောင့် အချိန်မတန်ပဲ ထွက်ခွာသွားကြရသူတွေလည်း မနည်းလို့ ဖြေဆည်မရအောင်ပါပဲ ။ အနုပညာရှင်တွေထဲမှာလည်းဆိုရင်လည်း ကြွေလွင့်ကြသူတွေ များပြားလွန်းလို့ ပရိသတ်တွေကလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။

မကြာခင်ကဆိုရင်လည်း နန်းမြတ်က သူချစ်ရတဲ့ ခင်ပွန်းကို ဆုံးရှုံးခဲ့ရတာကြောင့် အတိုင်းမသိ ဝမ်းနည်းကြေကွဲနေရှာတာကို တွေ့ရပါတယ် ။ အားလုံးကလည်း နန်းမြတ်နဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြတာပါ ။ ဒီနေ့မှာတော့ နန်းမြတ်က ချစ်ရတဲ့ ခင်ပွန်းမရှိတော့ပေမယ့်လည်း စိတ်ပျက်အားငယ်တာမျိုးမရှိဘဲ ဘဝကို အရင်ထက် နှစ်ဆ ကြိုးစား ရပ်တည်ပြီး ချစ်ရတဲ့ သားသမီးတွေကို စောင့်ရှောက်မယ့် အကြောင်း ရင်ဖွင့်ပြောပြလာပါတယ် ။

” ကျမဘဝရဲ့အဓိပ္ပါယ် ခွန်အား ရှင်သန်ခြင်းလေးတွေ ကျမယောက်ျားကိုသတိရတာပေါ့ လွမ်းတာပေါ့ ဒါပေမယ့်ယောက်ျားမရှိလို့စိတ်ပျက်အားငယ်တာမျိုးမဟုတ်ဘူးကျမယောက်ျားထားခဲ့တဲ့ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်း သူ့ရဲ့နာမည်ကောင်းအရိပ်အောက်မှာ ကျမကအကောင်းဆုံးကြိုးစားပီး ရှင်သန်ရပ်တည်ဦးမှာလွမ်းတာတော့အမြဲလွမ်းနေမှာပဲ သူနဲ့သွားခဲ့တဲ့နေရာ သူနဲ့ရှိခဲ့တဲ့အမှတ်တရတွေကဘယ်တော့ပျောက်ပျက်မသွားဘူးသူမရှိတော့လို့ကလေးတွေအတွက်ကျမနှစ်ဆကြိုးစားပီးရပ်တည်ရှင်သန်မယ်ကျန်နေသေးတဲ့ချစ်တဲ့သူတွေရဲ့ပံ့ပိုးမှုတွေနဲ့ပေါ့လွမ်းတာ၊သတိရတာနဲ့ ပြိုလဲတာမတူပါဘူးကျမချစ်ရတဲ့သားလေးနဲ့သမီးလေးအတွက်….” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nann Myat Phyo Thinn 

-Zawgyi Font ဖြင့်ဖတ်ရန်- 

ခ်စ္ရတဲ့ ခင္ပြန္းမရွိေတာ့ေပမယ့္ အားမငယ္ဘဲ အရင္ထက္ ႏွစ္ဆႀကိဳးစား ရွင္သန္ရင္း သားသမီးေတြကို အစြမ္းကုန္ ေစာင့္ေရွာက္ေပးမယ့္ နန္းျမတ္ၿဖိဳးသင္း 

ဖိုက္တင္းပါ နန္းျမတ္ေရ 🥰

တတိယလႈိင္း ကိုဗစ္ ကာလမွာ လူတိုင္း ေတာ္ေတာ္မ်ား ေရာဂါကို ႀကဳံေတြ႕ ရင္ဆိုင္ရသလို ခ်စ္ရတဲ့သူေတြကိုပါ ဆုံးရႈံးခဲ့ၾကရပါတယ္ ။ ေရာဂါေၾကာင့္ အခ်ိန္မတန္ပဲ ထြက္ခြာသြားၾကရသူေတြလည္း မနည္းလို႔ ေျဖဆည္မရေအာင္ပါပဲ ။ အႏုပညာရွင္ေတြထဲမွာလည္းဆိုရင္လည္း ေႂကြလြင့္ၾကသူေတြ မ်ားျပားလြန္းလို႔ ပရိသတ္ေတြကလည္း ဝမ္းနည္း စိတ္မေကာင္းျဖစ္ခဲ့ၾကရပါတယ္ ။

မၾကာခင္ကဆိုရင္လည္း နန္းျမတ္က သူခ်စ္ရတဲ့ ခင္ပြန္းကို ဆုံးရႈံးခဲ့ရတာေၾကာင့္ အတိုင္းမသိ ဝမ္းနည္းေၾကကြဲေနရွာတာကို ေတြ႕ရပါတယ္ ။ အားလုံးကလည္း နန္းျမတ္နဲ႔ ထပ္တူ စိတ္မေကာင္းျဖစ္ခဲ့ၾကတာပါ ။ ဒီေန႔မွာေတာ့ နန္းျမတ္က ခ်စ္ရတဲ့ ခင္ပြန္းမရွိေတာ့ေပမယ့္လည္း စိတ္ပ်က္အားငယ္တာမ်ိဳးမရွိဘဲ ဘဝကို အရင္ထက္ ႏွစ္ဆ ႀကိဳးစား ရပ္တည္ၿပီး ခ်စ္ရတဲ့ သားသမီးေတြကို ေစာင့္ေရွာက္မယ့္ အေၾကာင္း ရင္ဖြင့္ေျပာျပလာပါတယ္ ။

” က်မဘဝရဲ႕အဓိပၸါယ္ ခြန္အား ရွင္သန္ျခင္းေလးေတြ က်မေယာက္်ားကိုသတိရတာေပါ့ လြမ္းတာေပါ့ ဒါေပမယ့္ေယာက္်ားမရွိလို႔စိတ္ပ်က္အားငယ္တာမ်ိဳးမဟုတ္ဘူးက်မေယာက္်ားထားခဲ့တဲ့ပတ္ဝန္းက်င္ေကာင္း အသိုင္းအဝိုင္းေကာင္း သူ႔ရဲ႕နာမည္ေကာင္းအရိပ္ေအာက္မွာ က်မကအေကာင္းဆုံးႀကိဳးစားပီး ရွင္သန္ရပ္တည္ဦးမွာလြမ္းတာေတာ့အၿမဲလြမ္းေနမွာပဲ သူနဲ႔သြားခဲ့တဲ့ေနရာ သူနဲ႔ရွိခဲ့တဲ့အမွတ္တရေတြကဘယ္ေတာ့ေပ်ာက္ပ်က္မသြားဘူးသူမရွိေတာ့လို႔ကေလးေတြအတြက္က်မႏွစ္ဆႀကိဳးစားပီးရပ္တည္ရွင္သန္မယ္က်န္ေနေသးတဲ့ခ်စ္တဲ့သူေတြရဲ႕ပံ့ပိုးမႈေတြနဲ႔ေပါ့လြမ္းတာ၊သတိရတာနဲ႔ ၿပိဳလဲတာမတူပါဘူးက်မခ်စ္ရတဲ့သားေလးနဲ႔သမီးေလးအတြက္….” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Nann Myat Phyo Thinn