စုံတွဲတွေကြားထဲမှာ တစ်ယောက်တည်းဆင်ဂယ်လ်အဖြစ်နဲ့ ခရီးထွက်လာရတဲ့ ခင်ဝင့်ဝါ

Posted on

ပရိသတ်တွေက ချစ်စနိုးနဲ့ခေးလေးလို့ခေါ်ကြတဲ့ ခင်ဝင့်ဝါတစ်ယောက် သူငယ်ချင်းစုံတွဲတွေနဲ့ အတူတူခရီးထွက်လာခဲ့ပြီး အဖွဲ့ထဲမှာ သူမတစ်ယောက်တည်း ဆင်ဂယ်လ်ဖြစ်နေတာကြောင့် အားလုံးအလည်မှာ တစ်ယောက်တည်းရပ်ပြီး ဝမ်းနည်းနေ တဲ့အမူအရာလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေစုပြီး ခရီးထွက်ဖြစ်ဖို့ ဆိုတာ စီစဉ်တုန်းကသာတက်ကြွပေမယ့် တကယ်တမ်းသွားခါနီးမှာတော့ အဆင်ပြေဖို့တော်တော်ခက်ပါတယ်။

သူမတို့သူငယ်ချင်းတွေကတော့ ဒီအစီအစဉ်လေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပါ တယ်။ ပျော်စရာကောင်းတဲ့ သူငယ်ချင်းတွေအတူတူထွက်ကြတဲ့ ခရီးစဉ်လေးမှာ သူမတို့အားလုံး ပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကို ” ခရီး သွားခြင်းဖြင့် စိတ် အနားအယူပါ wheel လေး တစ်ယောက် Couple များ နှင့် ခရီး သွား ခြင်း အမှတ်တရ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။

ချစ်ဖို့ကောင်းတဲ့ ခေးလေးတစ်ယောက် သူငယ်ချင်းတွေကြားထဲ တစ်ကိုယ်တည်းအပျိုကြီး အဖြစ်နဲ့ အားငယ်နေပုံလေးကို နောက်ပြောင်ပြီးရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေက ချစ်စရာကောင်းလွန်း ပါတယ်။ ဆင်ဂယ်လ်ဆိုတော့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နဲ့ အေးအေးလူလူနေလို့ရတာ ပေါ့နော်။

Photo – Khin Wint Wah
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Khin Wint Wah
Happy – Cele Zone