ပရိသတ်တွေအရမ်းသဘောကျနေတဲ့ မေမေပိုးအိအိခန့်နဲ့ သားလေးတို့နှစ်ယောက်ရဲ့ ဗီဒီယို

Posted on

ဖေဖေအောင်သူနဲ့ မေမေပိုးအိအိခန့်တို့ရဲ့အသည်းကျော်သားလေးကတော့ လသားအရွယ်လေးနဲ့ အရမ်းကိုတတ်ပြီး ချစ်ဖို့ကောင်းလွန်းနေပါတယ်။ ဖေဖေက ရပ်ဝေးမြေခြားမှာ ဘောလုံးသွားကန် နေပြီး မေမေကတော့ သားလေးကိုအနီးကပ် ပြုစုနေတာကြောင့် အနုပညာအလုပ်တွေကိုတောင် ခေတ္တရပ်နားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း မေမေ့ကို စကားတွေပြောနေတဲ့ ဗီဒီယိုလေးတစ်ခုတက်လာခဲ့ပြီး ပရိသတ်တွေလည်း အတော်လေးသဘောကျခဲ့ကြပါတယ်။

အရမ်းကိုလည်နေတဲ့ အလည်လေးကတော့ ဖေဖေမေမေတို့တင်သာမက ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်ခဲ့ပါတယ်။ မေမေက သားလေးကိုရင်ဘတ်ပေါ်တင်ပြီး ချော့မြူကာ ရယ်မောနေတာကို မေမေ့ကိုကြည့်ပြီး သဘောတကျနဲ့လိုက်ရယ်နေတဲ့ ကလေးလေးရဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကိုအတော်လေး သဘောကျစေခဲ့ပါတယ်။

သားမိနှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုလေးကို ” မေမေ့သဲ ဖိုးပြုံးချိုလေး သူများရယ်ရင် လိုက်ရယ်တာ မေ့သဲလေးက ” ဆိုပြီး မေမေပိုးအိအိခန့်က တင်ထားတာပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ ရယ်သံဟာ ကမ္ဘာပေါ်မှာအချိုမြိန်ဆုံးဂီတသံစဉ်ပါပဲ။ ချစ်စရာကောင်းတဲ့ မေမေနဲ့သားသားရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Poe Ei Ei Khant
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone