မိခင်ဖြစ်သူ့ရဲ့ အကောင့်ဟက်ခံရပြီး ငွေညှစ်တာခံနေရတယ်ဆိုတဲ့ ခင်ဇာခြည်ကျော်

Posted on

ခင်ဇာခြည်ကျော်က တော့ နိုင်ငံကျော် ပရိသတ်ချစ်ခင်ရတဲ့ မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ် ။ ပြည်သူချစ်အနုပညာရှင်တစ်ယောက် ဖြစ်တဲ့အပြင် ပရိသတ်အားပေးမှုအခိုင်အမာရထားတဲ့ မင်းသမီးကြီးတစ်လက်ဖြစ်လို့ သူမတို့မိသားစုရဲ့ သိက္ခာကိုထိခိုက်စေမယ့် ဖြစ်ရပ်ကြီးတစ်ခုအတွက် ပရိသတ်တွေကိုကြိုတင်အသိပေးခဲ့ပါတယ် ။

 

 

ခင်ဇာခြည်ကျော်ရဲ့ မိခင်ဖြစ်သူအကောင့်ကို Hack ထားတဲ့ သူ က သူမကိုရော သူမရဲ့ အမျိုး တွေရော Wave money နဲ့ပိုက် ဆံတွေလျှောက်ပြီးလွှဲ ခိုင်းနေတယ်လို့သိရပါတယ် ။ ” အဲဒါ မေ မေ မဟုတ် ပါဘူး နော် Hack ခံထား ရတဲ့ သူ လိုက် ပြီး လိမ် နေတာ သိရ အောင် လို့ပြော ပြ တာ ပါ ရှင်… ကူညီပြီး report ထု ပေး ပါ နော်… ” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူမတို့မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် ပရိသတ်တွေကို အသိပေးစကားရေးသားခဲ့တာပါ ။

 

ပရိသတ်ကြီးကိုလည်း အကောင့်ဟက်ပြီး ငွေတွေလိမ်လည်နေတဲ့ သူတွေကို ရှောင်ကြဉ်နိုင်ဖို့ သတိပေးရင်း ခင်ဇာခြည်ကျော်ရဲ့ မိခင်အကောင့် အဟက်ခံထားရတယ်ဆိုတာကို အသိပေးလိုက်ပါတယ် ။ ပရိသတ်ကြီးလည်း ကိုယ့်အကောင့်ကို လုံခြုံအောင် ထားကြဖို့ တိုက်တွန်းလိုက်ပါတယ် နော် ။

Source : Khin Zarchi Kyaw Zar
Emily
ယူနီကုဒ်ဖြင့်ဖတ်ရန်

 





Emily