ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး အလှူတွေပြုလုပ်ပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်စကားဆိုလာတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးကွယ်လွန်သွားတဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ ကိုတာတာမျိုး ဘဝတစ်ပါးကို ကူးပြောင်းသွားတာ (၇)ရက်ပြည့် ရက်လည်ပြုလုပ်ရမယ့် နေ့ရက်လေးပဲဖြစ်ပါတယ်။

ကိုတာတာမျိုး ဆုံးပါးကွယ်လွန်သွားကတည်းက မိတ်ဆွေအပေါင်းသင်းတွေက ကိုတာတာမျိုးအတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြပါသေးတယ်။ အခုလို သူ့ရဲခင်ပွန်အတွက် ကောင်းရာဘုံဘဝရောက်စေဖို့ စိတ်ရင်းစေတနာအမှန်နဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးကြတဲ့အတွက် နန်းမြတ်က “မနက်ဖြန်ဆိုရက်လည်ပါပြီ။ အလှူပြုပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။

သူလည်းကောင်းရာဘုံဘဝကနေသာဓုခေါ်နေမှာပါ”ဆိုပြီး ကျေးဇူးတင်ကြောင်း မနေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဒီလိုမျိုး ကုသိုလ်တွေပြုလုပ်ပေးတဲ့ မိတ်ဆွေကောင်းတွေကြောင့် ကိုတာတာမျိုးလည်း ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနေမှာပါပဲနော်။

Source – Nan Myat Phyoe Thin

-Zawgyi Font ဖြင့် ဖတ်ရန်-

ခင္ပြန္းျဖစ္သူအတြက္ ရည္စူးၿပီး အလႉေတြျပဳလုပ္ေပးၾကတဲ့ မိတ္ေဆြေတြကို ေက်းဇူးတင္စကားဆိုလာတဲ့ နန္းျမတ္ၿဖိဳးသင္း

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ နန္းျမတ္ၿဖိဳးသင္းရဲ႕ ခင္ပြန္းျဖစ္သူ ကိုတာတာမ်ိဳးကြယ္လြန္သြားတဲ့ သတင္းေလးကို ပရိသတ္ေတြလည္း ၾကားသိၿပီးသားျဖစ္မယ္ထင္ပါတယ္။ ဒီေန႕မွာဆိုရင္ေတာ့ ကိုတာတာမ်ိဳး ဘဝတစ္ပါးကို ကူးေျပာင္းသြားတာ (၇)ရက္ျပည့္ ရက္လည္ျပဳလုပ္ရမယ့္ ေန႔ရက္ေလးပဲျဖစ္ပါတယ္။

ကိုတာတာမ်ိဳး ဆုံးပါးကြယ္လြန္သြားကတည္းက မိတ္ေဆြအေပါင္းသင္းေတြက ကိုတာတာမ်ိဳးအတြက္ရည္စူးၿပီးကုသိုလ္ေကာင္းမႈေတြျပဳလုပ္ေပးခဲ့ၾကပါေသးတယ္။ အခုလို သူ႔ရဲခင္ပြန္အတြက္ ေကာင္းရာဘုံဘဝေရာက္ေစဖို႔ စိတ္ရင္းေစတနာအမွန္နဲ႔ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေပးၾကတဲ့အတြက္ နန္းျမတ္က “မနက္ျဖန္ဆိုရက္လည္ပါၿပီ။ အလႉျပဳေပးၾကသူအားလုံးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္။

သူလည္းေကာင္းရာဘုံဘဝကေနသာဓုေခၚေနမွာပါ”ဆိုၿပီး ေက်းဇူးတင္ေၾကာင္း မေန႕ကသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ ဒီလိုမ်ိဳး ကုသိုလ္ေတြျပဳလုပ္ေပးတဲ့ မိတ္ေဆြေကာင္းေတြေၾကာင့္ ကိုတာတာမ်ိဳးလည္း ေကာင္းရာဘုံဘဝကေန သာဓုေခၚဆိုေနမွာပါပဲေနာ္။

Source – Nan Myat Phyoe Thin