မန္တလေးအမြန်လမ်းမကြီးပေါ်က ကားတိုက်မှုတစ်ခုကို ကယ်တင်လိုက်နိုင်ခဲ့တဲ့ မေမဒီ

Posted on

မေမဒီကတော့ Myanmar Idol Season-3 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး Top 10 ထိပါဝင်ခဲ့တဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ် ။ Idol ပြိုင်ပွဲ ပြီးထဲက အနုပညာလမ်းကြောင်းပေါ် နေရာတနေရာရလာခဲ့ပြီး Show ပွဲတွေမှာလည်း သီဆိုနေရတဲ့အဆိုတော်မလေး တစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ ချစ်စရာကောင်းတဲ့အဆိုတော်မလေး မေမဒီဟာ လတ်တလောမှာတော့ သူမရဲ့ ပရိသတ်တွေဂုဏ်ယူရမယ့် အလုပ်တစ်ခုကို လုပ်ခဲ့ပါတယ် ။

 

 

 

နိုဝင်ဘာလ (၁၇) ရက်နေ့ကတော့ ရန်ကုန် မန္တလေး အမြန်လမ်း ၈၅ မိုင်မှာ သံဃာတော်တွေစီးလာတဲ့ကား Accidents ဖြစ်လို့ နီးရာ မယ်မဒီက ဆေးရုံပို့ပေးခဲ့ရတယ်လို့ သိရပါတယ် ။ ” ဘယ်သွားသွား ကားကိုသေချာစစ်ကြပါ ကံကောင်းလို့ပေါ့ ဦးလေးတစ်ယောက်နဲ့ ဘုန်းဘုန်းတစ်ပါးပဲခေါင်းပေါက်တာ ဘုန်းဘုန်းကတော့ တော်တော်သွေးထွက်နေတာ အများကြီးမဖြစ်ကြလို့ကံကောင်းတယ် ” ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ တစ်ရက်တာကုသိုလ်လေးကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။

 

 

ချစ်ရတဲ့ ပရိသတ်တွေကတော့ ” သာဓု သာဓု သာဓုပါမေမဒီလေးရယ်၊ပြုလုပ်ခဲ့တဲ့ကုသိုလ်ကံကြောင့် သွားလေရာ၊လာလေကာခရီးလမ်းတွေမှာ ခလုတ်မထိဆူးမရှိ ဘေးအန္တရာယ်ကင်းရှင်းပါစေနော် ” ဆိုပြီး ဆုမွန်ကောင်းတွေတောင်းပေးထားကြပါသေးတယ် ။ ပရိသတ်ကြီးကလည်း မယ်မဒီလေး ပြုခဲ့တဲ့ မွန်မြတ်တဲ့ကုသိုလ်လေးကို သာဓုခေါ်ခဲ့ပါဦးနော် ။

Source : May Madi
Emily
ယူနီကုဒ်ဖြင့်ဖတ်ရန်

 





Source : May Madi
Emily