ကူညီကယ်တင်သူကြောင့် အသက်ဘေးကနေ လက်မတင်လေးလွတ်ခဲ့ရကြောင်းပြောပြလာတဲ့ ဥက္ကာမင်းမောင်

Posted on

လက်ရှိမှာချစ်သူနဲ့အတူ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ ဥက္ကာမင်းမောင်တစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းက သူတွေ့ကြုံခဲ့တဲ့ ကြောက်စရာအဖြစ်အပျက် တစ်ခုကို ပြန်လည်ပြောပြခဲ့တာပဲဖြစ်ပါတယ်။ စက်ပစ္စည်းတွေဟာ လူတွေအတွက် အသုံးဝင် သလို လူတွေရဲ့အသက်ကိုလည်း အလွယ်တကူနှုတ်ယူနိုင်တဲ့ သေမင်းတမာန်တွေပါပဲ။ ဥက္ကာမင်းမောင် တစ်ယောက် ညဖက် (၁) နာရီလောက်ကြီး ကားမောင်းလာနေရင်းနဲ့ ကားအင်ဂျင်က အရမ်းကို ပူလာပြီး အငွေ့တွေထွက်လာတာကြောင့် ကားကိုရပ်ထားပြီး လမ်းအလည်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ ချစ်သူကလည်း နယူးယောက်ကို ရောက်နေပြီ ချစ်သူရဲ့ညီမဖြစ်သူကလည်း ခရီးထွက်နေတာကြောင့် ဘယ်သူ့ကိုခေါ်ရမှန်းမသိပဲ အကြံအိုက် နေခဲ့ပါတယ်။

ဒီအချိန်မှာပဲအမျိုးသမီးတစ်ယောက်ရောက်လာပြီး သူ့ကိုကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ ကားဟာ အင်ဂျင်ဝိုင်လဲဖို့လိုအပ် နေတာဖြစ်ပြီး ဥက္ကာမင်းမောင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ အင်ဂျင်ဝိုင်လဲခဲ့ပြီးသား ဖြစ်ပေမယ့် အင်ဂျင်ဝိုင် တစ်စက်မှမရှိတော့ပဲ ခြောက်ကပ်နေတာကြောင့် အခုလိုဖြစ်ရပ်တွေဖြစ်လာခဲ့ပြီး ဒီလိုသာနည်းနည်းထပ်ပြီးကြာသွားခဲ့ပြီး ကားတစ်စီးလုံးတောင် ပေါက်ကွဲနိုင်တယ်လို့ဆိုပါတယ်။ ဥက္ကာမင်းမောင်တစ်ယောက် ဒီအကြောင်းကိုကြားခဲ့ပြီးနောက် အရမ်းကိုထိတ်လန့်သွားပြီး ကူညီသူအမျိုးသမီးကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ရထားဘူတာရုံမှာ ပိုက်ဆံအိတ်ကျပျောက်ခဲ့ပြီး အိုင်ဒီကဒ်တွေနဲ့ တခြားအရေးကြီးတာတွေ အားလုံးပါသွားခဲ့ပါတယ်။ ဒါကိုကောက်ရတဲ့အမျိုးသမီးဟာ သူ့ရဲ့ဘဏ်ကဒ်ကိုကြည့်ပြီး ဘဏ်မှာသွားပြန်အပ်ပေးခဲ့တာမို့ ဘဏ်ကဆက်သွယ်လာပြီး အားလုံးပြန်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုစိတ်ထားတွေတော်တော်များများမှာပိုင်ဆိုင်ထားတဲ့ ပတ်ဝန်းကျင်မှာနေထိုင်ရတာလဲ ကောင်းခြင်းတစ်မျိုးပဲနော်။ ဒီအကြောင်းအရာတွေနဲ့ ပက်သက်ပြီး ဥက္ကာမင်းမောင်က စိတ်နှလုံးကိုဖြူစင်အောင်ထားပြီး တခြားသူတွေကိုကူညီရင် ကိုယ့်အတွက် ကောင်းတာတွေဖြစ်လာမယ်လို့လည်းပြောခဲ့ပါ သေးတယ်။

Photo – Ye Htoo Win
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ကူညီကယ္တင္သူေၾကာင့္ အသက္ေဘးကေန လက္မတင္ေလးလြတ္ခဲ့ရေၾကာင္းေျပာျပလာတဲ့ ဥကၠာမင္းေမာင္ ”

လက္ရွိမွာခ်စ္သူနဲ႔အတူ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွာ ေနထိုင္ေနတဲ့ ဥကၠာမင္းေမာင္တစ္ေယာက္ ၿပီးခဲ့တဲ့ရက္ပိုင္းက သူေတြ႕ႀကဳံခဲ့တဲ့ ေၾကာက္စရာအျဖစ္အပ်က္ တစ္ခုကို ျပန္လည္ေျပာျပခဲ့တာပဲျဖစ္ပါတယ္။ စက္ပစၥည္းေတြဟာ လူေတြအတြက္ အသုံးဝင္ သလို လူေတြရဲ႕အသက္ကိုလည္း အလြယ္တကူႏႈတ္ယူႏိုင္တဲ့ ေသမင္းတမာန္ေတြပါပဲ။ ဥကၠာမင္းေမာင္ တစ္ေယာက္ ညဖက္ (၁) နာရီေလာက္ႀကီး ကားေမာင္းလာေန ရင္းနဲ႔ ကားအင္ဂ်င္က အရမ္းကို ပူလာၿပီး အေငြ႕ေတြထြက္လာတာေၾကာင့္ ကားကိုရပ္ထားၿပီး လမ္းအလည္မွာ ဘာလုပ္ရမွန္းမသိျဖစ္ေနခဲ့ပါတယ္။ ခ်စ္သူကလည္း နယူးေယာက္ကို ေရာက္ေနၿပီ ခ်စ္သူရဲ႕ညီမျဖစ္သူကလည္း ခရီးထြက္ေနတာေၾကာင့္ ဘယ္သူ႔ကိုေခၚရမွန္းမသိပဲ အႀကံအိုက္ေနခဲ့ပါတယ္။

ဒီအခ်ိန္မွာပဲအမ်ိဳးသမီးတစ္ေယာက္ေရာက္လာၿပီး သူ႔ကိုကူညီေပးခဲ့တာပဲျဖစ္ပါတယ္။ ကားဟာ အင္ဂ်င္ဝိုင္လဲဖို႔လိုအပ္ ေနတာျဖစ္ၿပီး ဥကၠာမင္းေမာင္ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ကပဲ အင္ဂ်င္ဝိုင္လဲခဲ့ၿပီးသား ျဖစ္ေပမယ့္ အင္ဂ်င္ဝိုင္တစ္စက္မွ မရွိေတာ့ပဲ ေျခာက္ကပ္ေနတာေၾကာင့္ အခုလိုျဖစ္ရပ္ေတြျဖစ္လာခဲ့ၿပီး ဒီလိုသာနည္းနည္းထပ္ၿပီးၾကာသြား ခဲ့ၿပီး ကားတစ္စီးလုံးေတာင္ ေပါက္ကြဲႏိုင္တယ္လို႔ဆိုပါတယ္။ ဥကၠာမင္းေမာင္တစ္ေယာက္ ဒီအေၾကာင္းကိုၾကားခဲ့ ၿပီးေနာက္ အရမ္းကိုထိတ္လန႔္သြားၿပီး ကူညီသူအမ်ိဳးသမီးကိုလည္း ေက်းဇူးတင္ေၾကာင္းေျပာခဲ့ပါေသး တယ္။

လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းကလည္း ရထားဘူတာ႐ုံမွာ ပိုက္ဆံအိတ္က်ေပ်ာက္ခဲ့ၿပီး အိုင္ဒီကဒ္ေတြနဲ႔ တျခားအေရးႀကီးတာ ေတြအားလုံးပါသြားခဲ့ပါတယ္။ ဒါကိုေကာက္ရတဲ့အမ်ိဳးသမီးဟာ သူ႔ရဲ႕ဘဏ္ကဒ္ကိုၾကည့္ၿပီး ဘဏ္မွာသြားျပန္အပ္ေပးခဲ့ တာမို႔ ဘဏ္ကဆက္သြယ္လာၿပီး အားလုံးျပန္ေပးခဲ့တာပဲျဖစ္ပါတယ္။ ဒီလိုစိတ္ထားေတြေတာ္ေတာ္မ်ားမ်ားမွာပိုင္ဆိုင္ထားတဲ့ ပတ္ဝန္းက်င္မွာေနထိုင္ရတာလဲ ေကာင္းျခင္းတစ္မ်ိဳးပဲေနာ္။ ဒီအေၾကာင္းအရာေတြနဲ႔ ပက္သက္ၿပီး ဥကၠာမင္းေမာင္က စိတ္ႏွလုံးကိုျဖဴစင္ေအာင္ထားၿပီး တျခားသူေတြကိုကူညီရင္ ကိုယ့္အတြက္ ေကာင္းတာေတြျ ဖစ္လာမယ္လို႔လည္းေျပာခဲ့ပါေသးတယ္။

Photo – Ye Htoo Win
Happy – Cele Zone