မချစ်ဖူးလို့ထင်ပေမယ့် ရူးနေအောင်ချစ်မိခဲ့တယ်ဆိုတဲ့ သွန်းဆက်
Posted on
သွန်းဆက် လို့အမည်ရတဲ့ အနုပညာရှင်မလေးတစ်ဦးကတော့ အားပေးသူပရိသတ်တွေ များစွာရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း သွန်းဆက်ဟာ ရုပ်ရှင်ဇတ်ကားပေါင်းများစွာကို ရိုက်ကူးထားနိုင် တဲ့ မင်းသမီးတစ်လက်ပါ ။ အချစ်ရေးနဲ့ပတ်သက်လို့ ပရိသတ်တွေစိတ်ဝင်စားနေကြပေမယ့် ချစ်သူမရှိဘူးလို့ ငြင်းဆိုထားတဲ့ သွန်းဆက်ကတော့ ပရိသတ်တွေ ဒွိဟဖြစ်သွားစေမယ့် ပို့စ်တစ်ခုကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ် ။
ပရိသတ်တွေကို စနောက်လိုက်တာလား တကယ်ပဲချစ်ရမယ့်သူရှိနေပြီလားဆိုတာတော့ သူမကိုယ်တိုင်ပဲသိမယ်ထင်ပါတယ် ။ ” တွဲဖို့စိတ်ကူးမရှိဘဲနဲ့ တွဲဖြစ်ခဲ့တယ် မချစ်ဖူးထင် ခဲ့ပေမဲ့ ရူးနေအောင် ချစ်မိတယ် ” ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ အလှပုံရိပ်တွေကို မျှဝေပေးခဲ့တာဖြစ်လို့ ပရိသတ်တွေက ချစ်သူရနေပြီလားလို့ထင်နေကြတာပါ ။ သူမရဲ့ဖန်တွေကတော့ အရမ်းမချစ်ပါနဲ့ အရမ်းချစ်ရင် အရမ်းခံစားရမယ်နော်လို့ သတိပေးနေကြပေမယ့် သွန်းဆက်ကတော့ ပြန်လည်တုံ့ပြန်တာမျိုးတော့ မပြုလုပ်ခဲ့ပါဘူး ။
သူငယ်ချင်းတွေကတော့ ဒီလိုပြောနေရင်းနဲ့ပဲထိပ်စီးပြောင်းတော့မယ်လို့ စနောက်နေကြပြီး အပျိုကြီးသွန်းဆက်တစ်ယောက် ပရိသတ်ကို စနောက်လိုက်တာလား အတည်ချစ်ရမယ့်သူရှိနေတာလား ဆိုပြီး စဉ်းစားခန်းတွေထုတ်နေကြပါပြီ ။ ပရိသတ်ကြီးအတွက် ရူးနေအောင်ချစ်မိနေပြီဆိုတဲ့ သွန်းဆက်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပြီနော် ။
Source : Thun Sett
Emily
ဇော်ဂျီဖြင့်ဖတ်ရန်
Source : Thun Sett
Emily