ဖုန်းပြန်သုံးခွင့်ရတဲ့ နေ့မှာပဲ ဝမ်းသာစရာအဖြစ်တစ်ခုနဲ့ ကြုံခဲ့ရတဲ့ The Model Academy ပြိုင်ပွဲဝင် ငြိမ်းချမ်း

Posted on

ပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ The Model Academy ပြိုင်ပွဲဟာ Top 3 သုံးယောက်ပဲကျန်ရှိတော့ပါတယ် ။ ညောင်ဦးဖီးကျွန်းမှာ Top 3 တွေသွားရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ နာမည်ကြီးမော်ဒယ် အောန်ဆိုင်းနဲ့ အတူ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပြီး ဝမ်းနည်းစွာပဲ ပြိုင်ပွဲဝင် ဗညားဘုန်းပြည့်က ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ် ။ နောက်ဆုံးကျန်ရှိတဲ့ ပြိုင်ပွဲဝင်နှစ်ဦးကတော့ ဒီး နဲ့ ငြိမ်းချမ်းတို့ဖြစ်ပြီး ဘယ်သူ Winner ဖြစ်မလဲဆိုတာ ရင်ခုန်စရာပါပဲ ။

 

 

ငြိမ်းချမ်းကတော့ မြင့်မားတဲ့အရပ်အမောင်း ၊ မိန်းကလေးတွေကြွေလောက်တဲ့ အမိုက်စားဘော်ဒီ ၊ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်မှုအားပြင်းတဲ့ မော်ဒယ်လ်တစ်ယောက်လို့ဆိုရမှာပါ ။ ရင့်ကျက်တည်ငြိမ်တဲ့ ကွီးတစ်ယောက်ဖြစ်လို့ မိန်းကလေး ပရိသတ်တွေသည်းသည်းလှုပ်ဝန်းရံခံနေရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဆိုလည်း မမှားပါဘူး ။ ဖုန်းတွေသိမ်းထားပြီး သုံးခွင့်ပိတ်ထားပေမယ့် ” ဖုန်းပြန်သုံးရတဲ့နေ့မှာပဲ အားအင်ဖြစ်စေတဲ့ We Love လေး လုပ်ပေးထားတာတွေ့တော့ အရမ်းပျော်မိတယ် မမျှော်မှန်းရဲခဲ့ဖူး ကျနော်ကိုချစ်တဲ့လူတွေ အများကြီးရှိနေလိမ့်မယ်လို့ အရမ်းဝမ်းသာမိပါတယ် အရမ်းလည်း ချစ်ပါတယ် အားပေးကြပါဦး အကောင်းဆုံးရလဒ် ရဖို့အကောင်းဆုံးပြင်ဆင်နေပါတယ် ချစ်တယ်” ဆိုတဲ့စာသားလေးနဲ့ မိန်းကလေးပရိသတ်တွေရဲ့အသည်းကိုခြွေယူလိုက်ပါပြီနော် ။

 

Winner မဖြစ်သေးပေမယ့် အားပေးတဲ့ ပရိသတ်တွေအခိုင်အမာရနေတဲ့ ငြိမ်းချမ်းကတော့ Winner မရခဲ့ရင်တောင် အားပေးတဲ့ ဖန်တွေရှိနေပြီမို့ ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းအတွက် အားအင်တစ်ခုရသွားတယ်ဆိုရမှာပါ ။ ငြိမ်းချမ်းကို အားပေးနေကြတဲ့ ပရိသတ်အတွက် ကြွေကျသွားစေမယ့် ငြိမ်းချမ်းရဲ့ အမိုက်စား ညို့အားပြင်း ပုံရိပ်တွေကိုတင်ပေးလိုက်ပြီနော် ။

Source : Nyein Chan
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 

ဖုန္းျပန္သံုးခြင့္ရတဲ့ ေန႕မွာပဲ ၀မ္းသာစရာအျဖစ္တစ္ခုနဲ႔ ၾကံဳခဲ့ရတဲ့ The Model Academy ျပိဳင္ပြဲ၀င္ ျငိမ္းခ်မ္း

ပရိသတ္ေတြစိတ္၀င္စားမႈျမင့္တက္ေနတဲ့ The Model Academy ျပိဳင္ပြဲဟာ Top 3 သံုးေယာက္ပဲက်န္ရွိေတာ့ပါတယ္ ။ ေညာင္ဦးဖီးကြ်န္းမွာ Top 3 ေတြသြားေရာက္ယွဥ္ျပိဳင္တဲ့အခါမွာေတာ့ နာမည္ၾကီးေမာ္ဒယ္ ေအာန္ဆိုင္းနဲ႔ အတူ ဓာတ္ပံုရိုက္ကူးမႈေတြ ျပဳလုပ္ခဲ့ရျပီး ၀မ္းနည္းစြာပဲ ျပိဳင္ပြဲ၀င္ ဗညားဘုန္းျပည္႕က ျပိဳင္ပြဲက ထြက္ခြာခဲ့ရပါတယ္ ။ ေနာက္ဆံုးက်န္ရွိတဲ့ ျပိဳင္ပြဲ၀င္နွစ္ဦးကေတာ့ ဒီး နဲ႔ ျငိမ္းခ်မ္းတို႕ျဖစ္ျပီး ဘယ္သူ Winner ျဖစ္မလဲဆိုတာ ရင္ခုန္စရာပါပဲ ။

ျငိမ္းခ်မ္းကေတာ့ ျမင့္မားတဲ့အရပ္အေမာင္း ၊ မိန္းကေလးေတြေၾကြေလာက္တဲ့ အမိုက္စားေဘာ္ဒီ ၊ ေခ်ာေမာခန္႕ညားတဲ့ ရုပ္ရည္နဲ႔ ဆြဲေဆာင္မႈအားျပင္းတဲ့ ေမာ္ဒယ္လ္တစ္ေယာက္လုိ႕ဆိုရမွာပါ ။ ရင့္က်က္တည္ျငိမ္တဲ့ ကြီးတစ္ေယာက္ျဖစ္လုိ႕ မိန္းကေလး ပရိသတ္ေတြသည္းသညး္လႈပ္၀န္းရံခံေနရတဲ့ ျပိဳင္ပြဲ၀င္တစ္ေယာက္ဆိုလည္း မမွားပါဘူး ။ ဖုန္းေတြသိမ္းထားျပီး သံုးခြင့္ပိတ္ထားေပမယ့္ ” ဖုန္းျပန္သံုးရတဲ့ေန႕မွာပဲ အားအင္ျဖစ္ေစတဲ့ We Love ေလး လုပ္ေပးထားတာေတြ႕ေတာ့ အရမ္းေပ်ာ္မိတယ္ မေမွ်ာ္မွန္းရဲခဲ့ဖူး က်ေနာ္ကိုခ်စ္တဲ့လူေတြ အမ်ားႀကီးရွိေနလိမ့္မယ္လို႔ အရမ္းဝမ္းသာမိပါတယ္ အရမ္းလည္း ခ်စ္ပါတယ္ အားေပးၾကပါဦး အေကာင္းဆုံးရလဒ္ ရဖို႔အေကာင္းဆုံးျပင္ဆင္ေနပါတယ္ ခ်စ္တယ္” ဆိုတဲ့စာသားေလးနဲ႔ မိန္းကေလးပရိသတ္ေတြရဲ႕အသည္းကိုေျခြယူလုိက္ပါျပီေနာ္ ။

Winner မျဖစ္ေသးေပမယ့္ အားေပးတဲ့ ပရိသတ္ေတြအခုိင္အမာရေနတဲ့ ျငိမး္ခ်မ္းကေတာ့ Winner မရခဲ့ရင္ေတာင္ အားေပးတဲ့ ဖန္ေတြရွိေနျပီမို႕ ေရွ႕ဆက္ေလွ်ာက္မယ့္ အနုပညာလမ္းေၾကာင္းအတြက္ အားအင္တစ္ခုရသြားတယ္ဆိုရမွာပါ ။ ျငိမ္းခ်မ္းကို အားေပးေနၾကတဲ့ ပရိသတ္အတြက္ ေၾကြက်သြားေစမယ့္ ျငိမ္းခ်မ္းရဲ႕ အမိုက္စား ညိဳ႕အားျပင္း ပံုရိပ္ေတြကိုတင္ေပးလိုက္ျပီေနာ္ ။

Source : Nyein Chan
Emily