အလုပ်နဲ့ခရီးဝေးရောက်နေချိန်မှာ ချစ်ရတဲ့သားသမီးတွေကို ဗီဒီယိုကောနဲ့ပဲ အလွမ်းဖြေနေရတဲ့ မေမေခိုင်နှင်းဝေ
Posted on
မိခင်စိတ်အပြည့်အဝရှိပြီး ကူကယ်ရာမဲ့နေတဲ့ ကလေးငယ်တွေကို ကိုယ့်သားသမီးအရင်းလို ပြုစုစောင့်ရှောက်ပေးနေတဲ့ ပရဟိတမင်းသမီးလေးခိုင်နှင်းဝေတစ်ယောက် လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် နယ်ကိုရောက်ရှိနေတာ ဖြစ်လို့ ကလေးတွေနဲ့ ခဏတာ ခွဲနေရတာပဲဖြစ်ပါတယ်။ သူမ မရှိတဲ့အချိန်မှာ နေထိုင်မကောင်းဖြစ်နေတဲ့ သားသမီးတွေကို လည်း စိတ်ပူကြောင်းနဲ့ အမြန်ဆုံးသက်သာစေချင်ကြောင်း ပုံရိပ်လေးတွေနဲ့တကွ ဝေမျှခဲ့ပါသေးတယ်။
ဝမ်းနဲ့လွယ်မမေးပေမယ့် ရင်နဲ့အမျှချစ်ရတဲ့ သားသမီးတွေဖြစ်တာမို့ အချိန်တိုင်းမှာ သူမက သတိရနေပြီး သားသမီးတွေ အဆင်ပြေစေဖို့ကိုပဲ မျှော်လင့်နေသူတစ်ယောက်ပါ။ အခုတစ်ယောက်လည်း ခရီးဝေးရောက်နေတဲ့ မေမေခိုင်နှင်းဝေ တစ်ယောက် ချစ်ရတဲ့သားသမီးတွေကို ဗီဒီယိုကောလေးနဲ့ အလွမ်းဖြေပြီး ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါသေးတယ်။
ချစ်ရတဲ့သားသမီးလေးတွေကို ” မေ့ကလေးလေးတွေရေ မေမေသတိရတယ်နော် မေမေ ခရီးသွားနေတုန်း နေမကောင်း ဖြစ်နေကြ တယ်ဆိုတော့ အလုပ်သာလုပ်နေရတယ် စိတ်မဖြောင့်ဘူး မေမေ့ ကလေးတွေအနား ပြုစုစောင့်ရှောက်ပေးနေ ကြတဲ့ Nurseတွေ,ဝန်ထမ်းတွေအားလုံးက အရမ်းဂရုစိုက်ကြလို့ မေမေအခုလို အလုပ်လုပ်နိုင်တာ. မေမေပြန်လာတော့မယ် နော် မပြန်လာသေး ခင်တော့ video callလေးတွေနဲ့ပဲ အလွမ်းသယ်တော့မယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ကြည်နူးစရာလေးပါနော်။
Photo – Khine Hnin Wai
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Khine Hnin Wai
Happy – Cele Zone