သူငယ်ချင်းတွေနဲ့ စုပေါင်းကာ ပရဟိတ အသင်းနှစ်ခုအား လိုအပ်တာတွေ လှူဒါန်းပေးရင်း မွန်မြတ်တဲ့ အလှူလေး ပြုလုပ်ခဲ့တဲ့ မိစန္ဒီ

ကိုယ်ပိုင်သံစဉ်တွေကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်ချောလေး မိစန္ဒီကိုပရိသတ်ကြီးချစ်ကြမယ်ထင်ပါတယ်။ အချိန်ခဏလေးတွင်းမှာတင် အောင်မြင်တဲ့မိန်းကလေးအဆိုတော်တစ်ယောက်ဖြစ်လာကာ ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပါတယ် ။

သူရဲ့သီချင်းလေးတွေဟာ လူငယ်တွေကြား ရေပန်းစားပြီ အမိုက်စားသီချင်းတွေပါမက သီချင်းအေးအေးလေးတွေပါ ကြိုက်နှစ်သက်အားပေးကြတာတွေ့ရပါတယ်။ ဒါ့အပြင် ပြည်သူတွေ အရေးကြုံလာရင်လည်း တတ်နိုင်သလောက် ရရာနေရာတွေကနေ ပါဝင်တတ်သူလည်းဖြစ်ပါတယ် ။

အခုလည်း မိတ်ဆွေတွေနဲ့ စုပေါင်းကာ အလှူငွေ (၃၃) ကျပ်ထည့်ဝင်ပြီး ပရဟိတ အသင်း နှစ်သင်းအား အောက်ဆီဂျင် စက်တွေကို လှူဒါန်းခဲ့ပါတယ် ။ အလှူပုံရိပ်တွေနဲ့ အတူ ” မိစန္ဒီတို့ သူငယ်ချင်းတွေ စုပေါင်းပြီး “စေတနာ လူမှုကူညီရေး”အသင်းကို oxygen concentrator လေး တစ်လုံး လှူဒါန်းခဲ့ပါတယ်ရှင်..အောက်ဆီဂျင် အရည် ဖြည့်ချင်တာ.. အိုးငှါးချင်တာ.. လူနာတွေအတွက် ambulance အကူအညီ.. နာရေး အကူအညီများ စေတနာ လူမှုကူညီရေး အသင်းကို ဆက်သွယ် အကူအညီတောင်းခံနိုင်ပါတယ်ရှင် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Mi Sandi

-Zawgyi Font ဖြင့်ဖတ်ရန်-


သာဓု သာဓု သာဓု 🙏




Yuan – Cele Zone

Photo – Mi Sandi

error: Content is protected !!