စိတ်ကုန်သွားရင် ဘယ်တော့မှလှည့်မကြည့်တော့ဘူးဆိုတဲ့ ယုသန္တာတင်

Posted on

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အဖြစ် ပရိသတ်အခိုင်အမာရရှိလာတဲ့ မင်းသမီးချော ယုသန္တာတင် ကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပါ ။ သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက် တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။

 

 

 

 

လတ်တလော အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပေမယ့် သူမနဲ့ နေ့စဉ်လှုပ်ရှားမှု လေးတွေကိုတော့ ပရိသတ်တွေကို အမြဲတမ်း မျှဝေပေးနေတာပါ ။ အချစ်ရေးနဲ့ပတ်သက်လို့လည်း သတင်းတွေငြိမ်နေတာ ဖြစ်တဲ့ ယုသန္တာတင်တစ်ယောက် ” ဆံပင်ဆိုတာ တိုသွားရင်ချက်ချင်းပြန်ရှည် တယ် စိတ်က တော့ ကုန်သွားရင် ပြန်လည်းမရှည်ဘူး လှည့်လဲမကြည့်ဘူး ” ဆိုတဲ့စာသားလေးကို သူမရဲ့ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေလာခဲ့ပါတယ် ။

 

 

 

တကယ်တော့ ယုသန္တာတင်တစ်ယောက် ဆံပင်အတိုလေးညှပ်လိုက်တာကို ပရိသတ်တွေကို ကြွားလိုက်တာပါနော် ။ ဆံပင်အရှည်လေးနဲ့လဲ နန်းဆန်သလို ဆံပင်အတိုလေးနဲ့လဲ နုပျိုလှပနေတဲ့ ယုသန္တာတင်ရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ် ။ ပရိသတ်ကြီးကလည်း ယုသန္တာတင်ကိုချစ်တယ်ဆို မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Yu Thandar Tin
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Yu Thandar Tin
Emily