ရန်ကင်းကလေးဆေးရုံအတွက် အောက်စီဂျင်နဲ့ ဆက်စပ်တဲ့ ဆေးရုံသုံးပစ္စည်းတွေလှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီးခိုင်နှင်းဝေကတော့ ဒီတစ်ခေါက်မှာတော့ အလှူလေးကို ရန်ကင်းကလေးဆေးရုံအတွက် လှူဒါန်းပေးခဲ့ပါတယ်။ အခုတစ်ခေါက်အလှူလေးကလည်း ခိုင်နှင်းဝေက သူ့ရဲ့ဦးဆောငးမှုနဲ့ သူ့ရဲ့အလှူရှင်တွေစုပေါင်းလှူဒါန်းထားတဲ့ အလှူငွေတွေထဲကနေလှူဒါန်းတဲ့ အလှူလေးပါတဲ့။

ရန်ကင်းကလေးဆေးရုံမှာ တက်ရောက်နေတဲ့ကလေးတွေအတွက် Oxygen Concentrator(၃)လုံး၊ 40L အိုး (၃) အိုး နှင့် ဆက်စပ် ပစ္စည်း အစုံ (စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း(၅၀)ဝန်းကျင်ခန့်)တို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ (၇)ရက်သားသမီးအလှူရှင်တွေနဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ အလှူလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်တွေကလည်း ခိုင်နှင်းဝေနဲ့ သူ့ရဲ့အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေခဲ့ကြပြီး ခိုင်နှင်းဝေရော အလှူရှင်တွေရော နောက်နောင်ဒီထပ်မကလှူဒါန်းနိုင်စေဖို့ ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။CeleZone ပရိသတ်ကြီးတွေလည်း အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်။

Source – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန်-

ရန္ကင္းကေလးေဆးရံုအတြက္ ေအာက္စီဂ်င္နဲ႕ ဆက္စပ္တဲ့ ေဆးရံုသံုးပစၥည္းေတြလွဴဒါန္းေပးလိုက္တဲ့ ခိုင္နွင္းေဝ

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သရုပ္ေဆာင္ မင္းသမီးၾကီးခိုင္နွင္းေဝကေတာ့ ဒီတစ္ေခါက္မွာေတာ့ အလွဴေလးကို ရန္ကင္းကေလးေဆးရံုအတြက္ လွဴဒါန္းေပးခဲ့ပါတယ္။ အခုတစ္ေခါက္အလွဴေလးကလည္း ခိုင္နွင္းေဝက သူ႕ရဲ႕ဦးေဆာငးမႈနဲ႕ သူ႕ရဲ႕အလွဴရွင္ေတြစုေပါင္းလွဴဒါန္းထားတဲ့ အလွဴေငြေတြထဲကေနလွဴဒါန္းတဲ့ အလွဴေလးပါတဲ့။

ရန္ကင္းကေလးေဆးရံုမွာ တက္ေရာက္ေနတဲ့ကေလးေတြအတြက္ Oxygen Concentrator(3)လံုး၊ 40L အိုး (၃) အိုး ႏွင့္ ဆက္စပ္ ပစၥည္း အစံု (စုစုေပါင္း ကာလတန္ဖိုးေငြက်ပ္ သိန္း(၅၀)ဝန္းက်င္ခန္႕)တို႕ကို လႉဒါန္းေပးခ့ဲတာပဲျဖစ္ပါတယ္။ ခိုင္နွင္းေဝကေတာ့ (၇)ရက္သားသမီးအလွဴရွင္ေတြနဲ႕ စုေပါင္းလွဴဒါန္းတဲ့ အလွဴေလးျဖစ္တာေၾကာင့္ ပရိသတ္ေတြသာဓုေခၚဆိုနိုင္ဖို႕ အလွဴေလးကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။

ပရိသတ္ေတြကလည္း ခိုင္နွင္းေဝနဲ႕ သူ႕ရဲ႕အလွဴရွင္ေတြရဲ႕ စုေပါင္းလွဴဒါန္းတဲ့ အလွဴေလးကို ဝမ္းေျမာက္ဝမ္းသာနဲ႕ သာဓုေခၚဆိုေနခဲ့ၾကျပီး ခိုင္နွင္းေဝေရာ အလွဴရွင္ေတြေရာ ေနာက္ေနာင္ဒီထပ္မကလွဴဒါန္းနိုင္ေစဖို႕ ဆုမြန္ေကာင္းေတြေတာင္းေပးေနၾကပါေသးတယ္။CeleZone ပရိသတ္ၾကီးေတြလည္း အလွဴေလးကို သာဓုေခၚဆိုနိုင္ဖို႕ မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္။

Source – Khine Hnin Wai

error: Content is protected !!