နှစ်ယောက်အတူရှိခဲ့တာ ရှစ်နှစ် ရှစ်လနဲ့ ရှစ်ရက်ရှိသွာပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ

Posted on

တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စုံမက်ပြီးနောက်ပိုင်းမှာတော့ နှစ်ယောက်အတူတည်ဆောက် ထားတဲ့ အချစ်ကမ္ဘာလေးကို ခိုင်မာစေချင်ကြတာ ချစ်သူတိုင်းရဲ့ ဆန္ဒပါပဲ။ သူစိမ်းနှစ်ယောက် လက်တွဲထားတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ဖို့ဆိုတာ အချိန်အတော်လိုအပ်ပါတယ်။ ဒီလိုတွဲလက်တွေမြဲဖို့ဆိုတာလည်း တော်တော် မလွယ်တဲ့ကိစ္စပါ။ ဒီထဲမှာတော့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲလေးကတော့ အတူတူလက်တွဲလာခဲ့တာ ရှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ လက်တွဲထားပြီး အချစ်ပိုနေဆဲပါပဲ။ တကယ်အချစ်စစ် မှန်ရင် အချိန်ကြာရင်ပိုပိုပြီးချစ်လာတာပါ သွေးအေးသွားတတ်တာမျိုးမဟုတ်ပါဘူးနော်။ နှစ်ယောက်သားရဲ့ မင်္ဂလာပွဲလေး ကိုတော့ အားလုံးကလည်းမျှော်လင့်နေကြပါပြီ။ လက်ရှိမှာတော့ နှစ်ယောက်ပေါင်းပြီး ရတနာဆိုင်လေး ဖွင့်လှစ်ထားခဲ့ပါသေး တယ်။

သူမတို့နှစ်ယောက်ရဲ့ ရှစ်နှစ် ရှစ်လနဲ့ ရှစ်ရက်ပြည့်နေ့လေးကို ” 8 years 8 months 8 days  ရစ်နည်းပေါင်းချုပ်ဆရာကြီး ဂြိုလ်သား က.ထ.ဆ နဲ့ တူတူ ရစ်ပေါင်းများစွာ ဆက်ရစ်သွားကြမယ်နော် ” ဆိုပြီး နန်းသူဇာက သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ နောက်ထပ်နှစ်ပေါင်း များစွာထိ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမပြယ်ပဲ ဒီထက်ပိုပိုတိုးပြီး ချစ်နိုင် ကြပါစေနော်။

Photo – Nan Thuzar / Kyaw Htut Swe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ႏွစ္ေယာက္အတူရွိခဲ့တာ ရွစ္ႏွစ္ ရွစ္လနဲ႔ ရွစ္ရက္ရွိသြာၿပီျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာ ”

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္စုံမက္ၿပီးေနာက္ပိုင္းမွာေတာ့ ႏွစ္ေယာက္အတူတည္ေဆာက္ ထားတဲ့ အခ်စ္ကမာၻေလးကို ခိုင္မာေစခ်င္ၾကတာ ခ်စ္သူတိုင္းရဲ႕ ဆႏၵပါပဲ။ သူစိမ္းႏွစ္ေယာက္ လက္တြဲထားတာဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြနဲ႔ တည္ေဆာက္ဖို႔ဆိုတာ အခ်ိန္အေတာ္လိုအပ္ပါတယ္။ ဒီလိုတြဲလက္ေတြ ၿမဲဖို႔ဆိုတာလည္း ေတာ္ေတာ္မလြယ္တဲ့ကိစၥပါ။ ဒီထဲမွာေတာ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔စုံတြဲေလး ကေတာ့ အတူတူလက္တြဲလာခဲ့တာ ရွစ္ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီပဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိလည္း တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈေတြနဲ႔ လက္တြဲထားၿပီး အခ်စ္ပိုေနဆဲပါပဲ။ တကယ္အခ်စ္စစ္မွန္ရင္ အခ်ိန္ၾကာရင္ပိုပိုၿပီးခ်စ္လာတာပါ ေသြးေအးသြားတတ္တာမ်ိဳးမဟုတ္ပါဘူးေနာ္။ ႏွစ္ေယာက္သားရဲ႕ မဂၤလာပြဲေလးကို ေတာ့ အားလုံးကလည္းေမွ်ာ္လင့္ေနၾကပါၿပီ။ လက္ရွိမွာေတာ့ ႏွစ္ေယာက္ေပါင္းၿပီး ရတနာဆိုင္ေလး ဖြင့္လွစ္ထားခဲ့ပါေသးတယ္။

သူမတို႔ႏွစ္ေယာက္ရဲ႕ ရွစ္ႏွစ္ ရွစ္လနဲ႔ ရွစ္ရက္ျပည့္ေန႔ေလးကို ” 8 years 8 months 8 days  ရစ္နည္းေပါင္း ခ်ဳပ္ဆရာႀကီးၿဂိဳလ္သား က.ထ.ဆ နဲ႔ တူတူ ရစ္ေပါင္းမ်ားစြာ ဆက္ရစ္သြားၾကမယ္ေနာ္ ” ဆိုၿပီး နန္းသူဇာက သူမရဲ႕ လူမႈကြန္ယက္မွာေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ ေနာက္ထပ္ႏွစ္ေပါင္း မ်ားစြာထိ တစ္ေယာက္နဲ႔တစ္ေယာက္ ေမတၱာမျပယ္ပဲ ဒီထက္ပိုပိုတိုးၿပီး ခ်စ္ႏိုင္ၾကပါေစေနာ္။

Photo – Nan Thuzar / Kyaw Htut Swe
Happy – Cele Zone