ဝှီးချဲနဲ့သွားလာနေရာကနေ အများကြီးသက်သာလာပြီး လန်းဆန်းနေပြီဖြစ်တဲ့ နန်းစုဦး

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သရုပ်ဆောင်နန်းစုဦးတစ်ယောက် ဘန်ကောက်ကဆေးရုံတစ်ခုမှာ ကျန်းမာရေချို့ယွင်းချက်ကြောင့် ကုသမှုခံယူနေရပြီး သွားလာရေးအတွက်လည်း ဝှီးချဲကို အသုံးပြုကာသွားလာနေရတာကြောင့် ပရိသတ်တွေက သူမရဲ့ ကျန်းမာရေးနဲ့ပက်သက်ပြီး စိုးရိမ်စိတ်တွေဖြစ်ခဲ့ကြပါသေးတယ်။ ဒီနေ့မှာတော့ နန်းစုတစ်ယောက် အတော်လေး သက်သာလာ ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှခဲ့တာပဲဖြစ်ပါတယ်။

အမြဲလိုလိုသူမရဲ့အလှတရားလေးတွေကိုဝေမျှတတ်သူလေးက ဆေးရုံပေါ်မှာလည်း ပရိသတ်တွေစိတ်မပူအောင် အပြုံးပုံရိပ် လေးတစ်ခု တင်ခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ သူမရဲ့ပုံရိပ်လေးတွေကို ” Woke up an optimist, sun was shinning I’m positive အများကြီး သက်သာသွားလို့ စိတ်ချမ်းသာ Big big thank you to each & everyone who wished me well. Your love & support is so much appreciated. Love you all. ” ဆိုပြီး ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ တော်သေးတာပေါ့နော် သက်သာသွားလို့။

အရင်လိုချစ်စရာကောင်းပြီးလန်းဆန်းတဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေလည်း ဝမ်းသာကြည်နူးနေခဲ့ပါတယ်။ အနုပညာ လမ်းကြောင်းပေါ်မှာ အောင်မြင်မှုအထိုက်အလျောက် ရရှိထားတဲ့ မင်းသမီးချောလေးမို့ ချစ်သူခင်သူတွေက ဝိုင်းပြီး စိတ်ပူပန်ကာ မေတ္တာပို့ပေးတာမို့ သက်သာသွားတဲ့ နန်းစုဦးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Nansu Oo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ဝွီးခ်ဲနဲ႔သြားလာေနရာကေန အမ်ားၾကီးသက္သာလာျပီး လန္းဆန္းေနျပီျဖစ္တဲ့ နန္းစုဦး ”

ျပီးခဲ့တဲ့ရက္ပိုင္းေလာက္က သရုပ္ေဆာင္နန္းစုဦးတစ္ေယာက္ ဘန္ေကာက္ကေဆးရံုတစ္ခုမွာ က်န္းမာေရခ်ိဳ႕ယြင္း ခ်က္ေၾကာင့္ ကုသမႈခံယူေနရျပီး သြားလာေရးအတြက္လည္း ဝွီးခ်ဲကို အသံုးျပဳကာသြားလာေနရတာေၾကာင့္ ပရိသတ္ေတြက သူမရဲ႕က်န္းမာေရးနဲ႔ပက္သက္ျပီး စိုးရိမ္စိတ္ေတြျဖစ္ခဲ့ၾကပါေသးတယ္။ ဒီေန႔မွာေတာ့ နန္းစုတစ္ေယာက္ အေတာ္ေလးသက္သာလာျပီး ခ်စ္စရာေကာင္းတဲ့ သူမရဲ႕ပံုရိပ္ေလးေတြကို ေဝမွ်ခဲ့တာပဲျဖစ္ပါ တယ္။

အျမဲလိုလိုသူမရဲ႕အလွတရားေလးေတြကိုေဝမွ်တတ္သူေလးက ေဆးရံုေပၚမွာလည္း ပရိသတ္ေတြ စိတ္မပူ ်အာင္ အျပံဳးပံုရိပ္ေလးတစ္ခု တင္ခဲ့ပါေသးတယ္။ ဒီေန႔မွာေတာ့ သူမရဲ႕ပံုရိပ္ေလးေတြကို ” Woke up an optimist, sun was shinning I’m positive အမ်ားႀကီး သက္သာသြားလို႔ စိတ္ခ်မ္းသာ Big big thank you to each & everyone who wished me well. Your love & support is so much appreciated. Love you all. ” ဆိုျပီး ေဝမွ်ခဲ့တာ ပဲျဖစ္ပါတယ္။ ေတာ္ေသးတာေပါ့ေနာ္ သက္သာသြားလို႔။

အရင္လိုခ်စ္စရာေကာင္းျပီးလန္းဆန္းတဲ့အျပံဳးေလးေတြေၾကာင့္ ပရိသတ္ေတြလည္း ဝမ္းသာၾကည္ႏူး ေနခဲ့ပါတယ္။ အႏုပညာလမ္းေၾကာင္းေပၚမွာ ေအာင္ျမင္မႈအထိုက္အေလ်ာက္ ရရွိထားတဲ့ မင္းသမီးေခ်ာေလး မို႔ ခ်စ္သူခင္သူေတြက ဝိုင္းျပီးစိတ္ပူပန္ကာ ေမတၱာပို႔ေပးတာမို႔ သက္သာသြားတဲ့ နန္းစုဦးရဲ႕ပံုရိပ္ေလးေတြကို တင္ဆက္ေပးလိုက္တယ္ေနာ္။

Photo – Nansu Oo
Happy – Cele Zone