ကြည့်မဝနိုင်လောက်အောင်ကိုလှလွန်းနေတဲ့ ဝါဆိုမိုးဦးတို့ညီမနှစ်ယောက်

Posted on

ချောလွန်းလှလွန်းလို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ဝါဆိုမိုးဦးတို့ ညီအမနှစ်ယောက် အတူတူ လက်ဝတ်ရတနာကြော်ငြာရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေကို ဝါဆိုက သူမရဲ့လူမှုကွန်ယက်ကနေဝေမျှလိုက်တာပဲဖြစ်ပါ တယ်။ ချစ်ဖို့ကောင်းတဲ့ညီမနှစ်ယောက်ရဲ့ အလှတရားတွေက ကြည့်မဝနိုင်လောက်အောင်ပါပဲ။

ညီမဖြစ်သူကိုလည်းအနုပညာလောကထဲကိုလက်တွဲခေါ်ပေးတဲ့ အမကြီးအမိရာဝါဆိုကတော့ ချစ်စရာကောင်းတဲ့ညီမလေးနဲ့ အင်္ကျီဆင်တူဝတ်ပြီး ကြော်ငြာရိုက်ရလို့ ကြည်နူးမဆုံးပါပဲ။ လက်ဝတ်ရတနာတွေဆင်မြန်းထားတဲ့ပုံရိပ်လေးတွေမှာလည်း အရမ်းကိုလှပနေခဲ့ပါတယ်။ ညီမတွေအားလုံးလှနေကြလို့ သူမကို ” မကြီး ” လို့စနောက်ကြတဲ့ပရိသတ်တွေလည်း အများအပြားပါပဲ။

အသက်ငယ်ရွယ်တဲ့ညီမလေးကို အမကြီးအမိရာပီသစွာနဲ့ လက်တွဲခေါ်ယူခဲ့ပြီး သေသေချာချာ သင်ပြပေးတတ်တဲ့ အမကြီးပါပဲ။ သူမတို့ညီမနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ” ဆိုဆိုတို့လိုဆင်တူလေးဝတ်ဖို့ ချောပြီးချစ်ဖို့ကောင်းတဲ့ ညီမလေး တွေရှိကြလား ??? ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Warso Moe Oo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ၾကည့္မဝႏိုင္ေလာက္ေအာင္ကိုလွလြန္းေနတဲ့ ဝါဆိုမိုးဦးတို႔ညီမႏွစ္ေယာက္ ”

ေခ်ာလြန္းလွလြန္းလို႔ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကိုရရွိေနတဲ့ဝါဆိုမိုးဦးတို႔ ညီအမႏွစ္ေယာက္ အတူတူ လက္ဝတ္ရတနာ ေၾကာ္ျငာ႐ိုက္ကူးခဲ့တဲ့ပုံရိပ္ေလးေတြကို ဝါဆိုက သူမရဲ႕လူမႈကြန္ယက္ကေနေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့ ညီမႏွစ္ေယာက္ရဲ႕ အလွတရားေတြက ၾကည့္မဝႏိုင္ေလာက္ေအာင္ပါပဲ။

ညီမျဖစ္သူကိုလည္းအႏုပညာေလာကထဲကိုလက္တြဲေခၚေပးတဲ့ အမႀကီးအမိရာဝါဆိုကေတာ့ ခ်စ္စရာေကာင္းတဲ့ညီမေလးနဲ႔ အက်ႌဆင္တူဝတ္ၿပီး ေၾကာ္ျငာ႐ိုက္ရလို႔ ၾကည္ႏူးမဆုံးပါပဲ။ လက္ဝတ္ရတနာေတြဆင္ျမန္းထားတဲ့ပုံရိပ္ေလးေတြမွာလည္း အရမ္းကိုလွပေနခဲ့ပါတယ္။ ညီမေတြအားလံုးလွေနၾကလို႔ သူမကို ” မၾကီး ” လို႔စေနာက္ၾကတဲ့ပရိသတ္ေတြလည္း အမ်ားအျပားပါပဲ။

အသက္ငယ္႐ြယ္တဲ့ညီမေလးကို အမႀကီးအမိရာပီသစြာနဲ႔ လက္တြဲေခၚယူခဲ့ၿပီး ေသေသခ်ာခ်ာ သင္ျပေပးတတ္တဲ့ အမႀကီး ပါပဲ။ သူမတို႔ညီမႏွစ္ေယာက္ရဲ႕ပုံရိပ္ေလးေတြကို ” ဆိုဆိုတို႔လိုဆင္တူေလးဝတ္ဖို႔ ေခ်ာၿပီးခ်စ္ဖို႔ေကာင္းတဲ့ ညီမေလးေတြ ရွိၾကလား ??? ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။

Photo – Warso Moe Oo
Happy – Cele Zone