နေလင်းကျော်ပြုတ်သွားတာနဲ့ပက်သက်ပြီး သူမကိုဝေဖန်တိုက်ခိုက်သူတွေကို ပြန်လည်ပြောဆိုလိုက်တဲ့ ဇာဇာထက်

Posted on

Sexy Model အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့ ဇာဇာထက်ရဲ့ အချစ်ရေးကို ပရိသတ်ကြီး လည်းအသိပါပဲနော်။ လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ မြန်မာအိုင်ဒေါ အစီအစဉ်မှာ ပြိုင်ပွဲဝင်နေလင်းကျော်ထွက် ခွာသွားရတာနဲ့ပက်သက်ပြီး ပရိသတ်တွေက ဒါဟာဇာဇာထက်ကြောင့်ဆိုတဲ့ ဝေဖန်မှုတွေကို သူမအနေနဲ့လည်း အလူးအလဲခံနေရတာပဲဖြစ်ပါ တယ်။ ဒီလိုကိစ္စတွေရှိလာမှာဆိုးလို့တောင် သူမတို့နှစ်ယောက်တွဲပုံတွေကို ဖျက်ထားပစ်ခဲ့တာဖြစ်ပြီး အခုလိုပြောဆိုခံရတော့ သူမအနေနဲ့လည်း အတော်လေးဝမ်းနည်းရတယ်လို့ဆိုပါတယ်။

ဝေဖန်သူတွေဟာ ဇာဇာထက်ရဲ့အလုပ်ကြောင့် နေလင်းကျော်ကိုအားပေးသူတွေသိပ်မရှိပဲ Voting နည်းလို့ ပြိုင်ပွဲက ထွက်ခွာ ခဲ့ရတယ်ဆိုတဲ့အပေါ်မှာ ဇာဇာတစ်ယောက် ” လက်ရှိ Cyber Bullying လုပ်ခံရတဲ့အပေါ်မှာ ကျွန်မသည် အကယ်ဒမီမင်းသမီးလဲမဟုတ်သလို သူဠေးသမီးလဲ မဟုတ်တဲ့ အတွက်ကြောင့် မြေနိမ့်ရာလှံစိုက်ပြောခံရတရ်လို့ပဲ ခံယူထားပါတရ် Professional နဲ့ personal မခွဲခြားပဲ Personal attack အလုပ်ခံရတဲ့အပေါ်မှာလဲအထွေအထူး ဘာမှ မပြောစရာ မရှိသလို ကျွန်မရွေးချယ်ထားတဲ့ ကျွန်မအလုပ်ကိုကျွန်မလိပ်ပြာသန့်” နဲ့ဆက်လုပ်နေအုံးမှာပါရှင့် နေမကောင်း လို့အင်တာဗျုးများမဖြေနိုင်တဲ့အတွက်ဒီကနေပဲ အင်တာဗျုးမေးခွန်းတွေကို ဖြေကြားပေးလိုက်ပါတရ် ရှင့် ” ဆိုပြီး ပြောထားတာပဲဖြစ်ပါတယ်။

သူမရဲ့ခံစားချက်ကိုတော့ ” ကိုယ်ခံစားနေရတာတွေကိုလေ အော်” ပြီး ငိုလိုက်ရင် ကိုယ်ချင်းမစာ တတ်တဲ့လူတွေ ဝိုင်းလှောင်နေကြမှာစိုးလို့ ပြုံးနေရတရ်ဇာဇာထက်ကယူတို့ကိုဘာလုပ်နေလို့ ခလုတ်လာ” တိုက်နေကြတာလဲဟင်? ” ဆိုပြီး ရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကို အားပေးစကားတွေပြောခဲ့ကြပါသေးတယ်။

Photo – Zar Zar Htet
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ေနလင္းေက်ာ္ျပဳတ္သြားတာနဲ႔ပက္သက္ၿပီး သူမကိုေဝဖန္တိုက္ခိုက္သူေတြကို ျပန္လည္ေျပာဆိုလိုက္တဲ့ ဇာဇာထက္ ”

Sexy Model အျဖစ္နဲ႔ အႏုပညာလမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းေနတဲ့ ဇာဇာထက္ရဲ႕ အခ်စ္ေရးကို ပရိသတ္ႀကီးလည္း အသိပါပဲေနာ္။ လက္ရွိထုတ္လႊင့္ျပသေနဆဲျဖစ္တဲ့ ျမန္မာအိုင္ေဒါ အစီအစဥ္မွာ ၿပိဳင္ပြဲဝင္ေနလင္းေက်ာ္ထြက္ခြာသြားရတာ နဲ႔ပက္သက္ၿပီး ပရိသတ္ေတြက ဒါဟာဇာဇာထက္ေၾကာင့္ဆိုတဲ့ ေဝဖန္မႈေတြကို သူမအေနနဲ႔လည္း အလူးအလဲခံေနရတာ ပဲျဖစ္ပါ တယ္။ ဒီလိုကိစၥေတြရွိလာမွာဆိုးလို႔ေတာင္ သူမတို႔ႏွစ္ေယာက္တြဲပုံေတြကို ဖ်က္ထားပစ္ခဲ့တာျဖစ္ၿပီး အခုလို ေျပာဆိုခံရေတာ့ သူမအေနနဲ႔လည္း အေတာ္ေလးဝမ္းနည္းရတယ္လို႔ဆိုပါတယ္။

ေဝဖန္သူေတြဟာ ဇာဇာထက္ရဲ႕အလုပ္ေၾကာင့္ ေနလင္းေက်ာ္ကိုအားေပးသူေတြသိပ္မရွိပဲ Voting နည္းလို႔ ၿပိဳင္ပြဲကထြက္ခြာခဲ့ ရတယ္ဆိုတဲ့အေပၚမွာ ဇာဇာတစ္ေယာက္ ” လက္ရွိ Cyber Bullying လုပ္ခံရတဲ့အေပၚမွာ ကြၽန္မသည္ အကယ္ဒမီမင္းသမီးလဲ မဟုတ္သလို သူေဠးသမီးလဲ မဟုတ္တဲ့ အတြက္ေၾကာင့္ ေျမနိမ့္ရာလွံစိုက္ေျပာခံရတရ္လို႔ပဲခံယူထားပါတရ္ Professional နဲ႔ personal မခြဲျခားပဲ Personal attack အလုပ္ခံရတဲ့အေပၚမွာလဲအေထြအထူး ဘာမွမေျပာစရာ မရွိသလို ကြၽန္မေ႐ြးခ်ယ္ထား တဲ့ ကြၽန္မအလုပ္ကိုကြၽန္မလိပ္ျပာသန႔္” နဲ႔ဆက္လုပ္ေနအုံးမွာပါ ရွင့္ ေနမေကာင္း လို႔အင္တာဗ်ဳးမ်ားမေျဖႏိုင္တဲ့အတြက္ ဒီကေနပဲ အင္တာဗ်ဳးေမးခြန္းေတြကို ေျဖၾကားေပးလိုက္ပါတရ္ ရွင့္ ” ဆိုၿပီး ေျပာထားတာပဲျဖစ္ပါတယ္။

သူမရဲ႕ခံစားခ်က္ကိုေတာ့ ” ကိုယ္ခံစားေနရတာေတြကိုေလ ေအာ္” ၿပီး ငိုလိုက္ရင္ ကိုယ္ခ်င္းမစာ တတ္တဲ့လူေတြဝိုင္းေလွာင္ ေနၾကမွာစိုးလို႔ ၿပဳံးေနရတရ္ဇာဇာထက္ကယူတို႔ကိုဘာလုပ္ေနလို႔ ခလုတ္လာ” တိုက္ေနၾကတာလဲဟင္? ” ဆိုၿပီး ရင္ဖြင့္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း သူမကို အားေပးစကားေတြေျပာခဲ့ၾကပါေသးတယ္။

Photo – Zar Zar Htet
Happy – Cele Zone