The Model Academy ရဲ့ပြိုင်ပွဲဝင် Dee ရဲ့ပရိသတ်ပါလို့ဝန်ခံလိုက်တဲ့ချာလီ

Posted on

မကြာသေးမီက ဖေ့ဘုတ်စ် စာမျက်နှာတွေထက်မှာ ဂယက်ထခဲ့တဲ့ The Model Academy ပြိုင်ပွဲဟာ အခုဆိုရင် နောက်ဆုံး ဖိုင်နယ်လစ် ၃ ယောက်သာကျန်ရှိပါတော့တယ် ။ ကျန်ရှိတဲ့ ပြိုင်ပွဲဝင်တွေကတော့ဒီး ၊ ဘုန်းပြည့် နဲ့ ငြိမ်းချမ်းတို့ ဖြစ်ပြီး ပရိသတ်တွေအားလုံးက ဘယ်သူ Winner ဖြစ်မလဲဆိုတာကို ရင်တမမနဲ့ စောင့်မျှော်ခဲ့ကြတာပါ ။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲတစ်လျှောက်လုံး စူပါမော်ဒယ်လ်ချာလီက ပြိုင်ပွဲဝင်တွေအတွက် လိုအပ်တဲ့သင်ကြားမှု အချို့ကိုသင်ကြားပေးခဲ့ပါတယ် ။

 

နောက်ဆုံးကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်သုံးယောက် ဟာ ကိုယ်ပိုင်အရည်အချင်းကိုယ်စီ ရှိကြတဲ့ သူတွေဖြစ်သလို သူတို့ကို အားပေးတဲ့ ပရိသတ်တွေကလည်း တကယ်ကိုအများကြီးပါပဲ ။ အဲဒီထဲကမှာ စူပါမော်ဒယ်လ်ချာလီ က သူက ဒီ သုံးယောက်ထဲက နာမည်တစ်လုံးထဲနဲ့ ကောင်မလေးရဲ့ ပရိသတ်ပါလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်နေ ဖော်ပြခဲ့ပါတယ် ။ ပြိုင်ပွဲဝင် မိန်းကလေးတစ်ယောက်ပဲ ကျန်ရှိတော့တာဖြစ်တဲ့အတွက် ချာလီက ဒီးရဲ့ ပရိသတ်ဆိုတာကိုတော့ ရှင်းပြနေဖို့မလိုတော့ပါဘူးနော် ။

 

 

မော်ဒယ်လ်လောကမှာ အတော်အသင့်အောင်မြင်နေပြီးသားဖြစ်သလို မှတ်တိုင်တစ်ခုစိုက်ထူခွင့်ရဖို့ ဒီပြိုင်ပွဲကို ကြိုးစားယှဉ်ပြိုင်ခဲ့တဲ့ ဒီးကတော့ Winner ရဖို့ထင်ကြေးပေးခံနေရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲဖြစ်ပါတယ် ။ ပရိသတ်ကြီးကရော ဘယ်သူ့ရဲ့ပရိသတ်ဖြစ်မလဲ ပြောပြခဲ့ပါဦး ။

Source : Charlie
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Charlie
Emily