အသက်(၆၀)နှင့်အထက် အဖိုးအဖွား အယောက် (၂၀၀)စာအတွက် ဆေးဝါးတွေလှူဒါန်းပေးသွားမယ့် ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရဟိတမင်းသမီးလို့ပရိသတ်တွေတင်စားခေါ်ဆိုကြတဲ့ မင်းသမီးခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း အလှူလေးတစ်ခုကို ထပ်မံလှူဒါန်းပေးခဲ့ပြန်ပါပြီ။ ခိုင်နှင်းဝေက နေ့တိုင်းလိုလို ပြည်သူတွေလိုအပ်နေတာတွေကို လိုက်လံလှူဒါန်းဖြည့်ဆည်းပေးနေခဲ့ပြီး ပရိသတ်တွေအကူညီလိုအပ်တိုင်း အသင့်ရှိနေတတ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့သြဂုတ် (၈)ရက်နေ့လေးမှာလည်း ခိုင်နှင်းဝေက ဆေးဝါးအလှူလေးအဖြစ် အသက် (၆၀)နှင့် အထက်အဖိုးအဖွားတွေအတွက် ဆေးဝါးအစုံ လှူဒါန်းပေးသွားဖို့ စီစဉ်နေခဲ့ပြန်ပါတယ်။ အသက် (၆၀)နှင့်အထက် ရှိတဲ့ အဖိုးအဖွား စုစုပေါင်းအယောက် (၂၀၀)စာကိုလှူဒါန်းပေးသွားမှာဖြစ်ပြီး ဒီအလှူလေးကလည်း ခိုင်နှင်းဝေနဲ့ သူ့ရဲ့ (၇)ရက်သားသမီးအလှူရှင်တွေရဲ့ စုပေါင်းအလှူလေးတစ်ခုပဲဖြစ်ပါတယ်တဲ့။

လှူဒါန်းမယ့် ဆေးဝါးပစ္စည်းတွေကိုလည်း ခိုင်နှင်းဝေက သူကိုယ်တိုင်စနစ်တကျနဲ့ကို ထုတ်ပိုးပြင်ဆင်နေခဲ့တာပါ။ CeleZone ပရိသတ်ကြီးရေ အလှူအတွက်ဆို ငွေအားရောလူအားပါ လက်မနှေးဘဲ လုပ်ဆောင်တတ်တဲ့ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကတော့ တကယ့်ကိုမှ ချီးကျူးထိုက်ပေတဲ့ စိတ်ထားလေးပါပဲနော်။ CeleZone ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ပါဦနော်။

Source – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန်-





Source – Khine Hnin Wai

error: Content is protected !!