သူငယ်ချင်းအရင်းကြီးတွေအချင်းချင်း ပြန်ရိုနေရလို့ အပြန်အလှန်အရွှန်းဖောက်ပြီး ခွီနေကြတဲ့ ကျော်ကျော်နဲ့ဆုမြတ်နိုးဦးတို့ရဲ့ Live ဗီဒီယို

Posted on

ပျော်စရာကောင်းတဲ့သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ကျော်ကျော်၊ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သုံးယောက်သားကတော့ အမြဲတတွဲတွဲနဲ့ အရမ်းကိုပျော်တတ်ကြသူတွေပါပဲ။ ဒီတစ်ခေါက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ဆေးထိုး နောက်ပြောင်နေရာကနေ ရိုက်ကွင်းပေါ်ရောက်တော့ သိပ်ချစ်ကြတဲ့ချစ်သူတွေအဖြစ် သရုပ်ဆောင်ရချိန်မှာတော့ အပြန်အလှန်နောက်နေခဲ့ကြတဲ့ Live ဗီဒီယိုလေးကို တင်ထားတာပဲဖြစ်ပါတယ်။

ကွီးနေထူးနိုင်ရဲ့ဇနီးချောလေး မြသင်းချယ်ရဲ့သီချင်းလေးမှာ နှစ်ယောက်သားသရုပ်ဆောင်နေတာ ဖြစ်ပြီး အတူတူရိုရတဲ့ အခန်းတွေမှာလည်း ပီပီပြင်ပြင်သရုပ်ဆောင်ပြီး ရိုက်ကွင်းနောက်ကွယ်မှာတော့ အပြန်အလှန်နောက်ပြောင်နေကြတဲ့ ဗီဒီယိုလေးက ချစ်စရာလည်းကောင်း ရယ်စရာလည်းကောင်းလွန်းပါတယ်။ ဟာသတွေလုပ်ပြီး ပရိသတ်တွေကို အမြဲတမ်း ပျော်ရွှင်အောင်ထားတတ်သူလေးတွေပါ။

အခုတစ်ယောက်လည်း အဆိုတော်မြသင်းချယ်ကို ” သမီးတို့နှစ်ယောက်ကိုမှ အချစ်ခန်းရိုက်ခိုင်းရတယ်လို့ ” ဆိုပြီး ဆုမြတ်နိုးဦးကပြောခဲ့သလို ကျော်ကျော်ကလည်း ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ချို့မှာ ဆုမြတ်နိုးဦးနဲ့ရိုမယ့်အစား ကျားဖင်ပဲ ပြေးနှိုက်ချင်တယ်ဆိုပြီး အရွှန်းဖောက်ခဲ့ပါသေးတယ်။ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းလေးတွေပဲနော်။

Photo – N-H-K ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone