နှစ်ယောက်အတူတူကမ္ဘာပတ်ပြီးခရီးထွက်ကြတော့မယ့် တိုင်ရွန်နဲ့ သင်ဇာဝင့်ကျော်

Posted on

နာမည်ကျော်အနုပညာရှင်တွေဖစ်တဲ့ တိုင်ရွန်နဲ့သင်ဇာဝင့်ကျော်တို့နှစ်ယောက်အတူတူ ခရီးသွားအစီအစဉ်တစ်ခုမှာ အတူတူပါဝင်တင်ဆက်တော့မှာပဲဖြစ်ပါတယ်။ နှစ်ယောက်အတူတူ သဘာဝတရားကြီးရဲ့ဖြစ်တည်မှုအစစ်အမှန်နဲ့ လှလွန်းတဲ့ရှုခင်းတွေကို ပရိသတ်တွေကို ချပြတော့မှာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီအစီအစဉ်လေးကို စာနယ်ဇင်း မိတ်ဆက်ပွဲလေး ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အတူတူပွဲတက်ရောက်ခဲ့ပြီး ဒီအစီအစဉ်လေးနဲ့ ပက်သက်ပြီးပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ခရီးသွားဖို့ အခါအခွင့်မသင့်သေးတဲ့ ပရိသတ်တွေအတွက်တော့ တိုင်ရွန်နဲ့ သင်ဇာတို့နှစ်ယောက်ရဲ့ ခရီးသွားအစီအစဉ်လေးက ရသေ့စိတ်ဖြေဖြစ်စေမှာ အသေအချာပါပဲ။ ပရိသတ်တွေရဲ့ချစ်ခင်မှုရရှိပြီးသားအနုပညာရှင်နှစ်ယောက်ရဲ့ လှုပ်ရှားမှုလေးက ဘယ်လိုဖြစ်မယိဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော်။

ပွဲကိုကတ္တီပါအစိမ်းရောင်ဝတ်စုံလေးဝတ်ဆင်ပြီး လှလှပပတက်ရောက်လာတဲ့ မမသင်ဇာကတော့ ပြိုင်စံရှား အလှတရားတွေနဲ့အားလုံးရဲ့ အကြည့်တွေကိုသိမ်းပိုက်ထားနိုင်သလို ပျိုပျိုမေတို့ရဲ့ အသည်းတစ်ခုလုံးတိုင်ရွန်ကလည်း အနောက်တိုင်းဝတ်စုံလေးနဲ့ အရမ်းကိုသန့်လွန်းခန့်လွန်း နေပါတယ်။ အလန်းစားနှစ်ယောက်တင်ဆက်မယ့် အစီအစဉ် လေးဆိုတော့ စိတ်ဝင်စားစရာပဲ နော်။

Photo – Tyron Bejay / Thinzar Wint Kyaw
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone