မချမ်းသာပေမယ့် ပျော်ရွှင်မှုတော့ပေးနိုင်တယ် လို့ဈေးဗန်းခင်းလိုက်တဲ့ အိစိကွေး

Posted on

ကလေးသရုပ်ဆောင် အိစိကွေးဆိုတာနဲ့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါနော် ။ ကလေးသရုပ်ဆောင်ဘဝကနေ အခုဆို ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလမ်း ကြောင်းပေါ်မှာရော အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ ပရိသတ် တွေ အချစ်ပိုရတဲ့ အိစိကွေးလေးကတော့ သိပ်ချစ်ရတဲ့ မမ တစ်ယောက် ရှိခဲ့ပြီး အခုတော့ Single ဘဝနဲ့ဖြတ်သန်းနေတာဖြစ်ပါတယ် ။

 

Single ဘဝဖြတ်သန်းရင်း မကြာခဏဆိုသလို ဈေးဗန်းခင်းတတ်တဲ့ အိစိကွေးတစ်ယောက်ကတော့ အရင်ကထက်ပိုရင့်ကျက်ပြီး လူကြီးဆန်တဲ့ ပုံစံလေးတွေပြောင်းလဲလာပြီဆိုတာ ပရိသတ်တွေအားလုံးသတိထားမိမယ်ထင်ပါတယ် ။ လတ်တလောမှာလည်း အိစိကွေးတစ်ယောက် ” I am not a rich man, but i can give you a happiness ” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့ရင့်ကျက်တည်ငြိမ်နေတဲ့ ပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ သူ့ရဲ့အမာခံပရိသတ်ကောင်မလေးတွေကလည်း ပျော်ရွှင်အောင်ထားရင်ပဲ ကျေနပ်ပါပြီလို့ ရေးသားထားကြပါသေးတယ် ။

 

ကလေးသရုပ်ဆောင်ဘဝနဲ့ ပရိသတ်အချစ်တွေကို သိမ်းကြုံးယူခဲ့တဲ့ အိစိလေးတစ်ယောက် ကတော့ အခုဆို လူကြီးတစ်ယောက်ဖြစ်နေပြီ ဖြစ်ပြီး ချစ်တတ်နေပြီဆိုတော့ ပရိသတ်ကြီး လည်း မျက်စိရှေ့မှာတင် ကြီးပြင်းလာတဲ့ ကလေးလေးကို အံ့သြနေကြမယ်ထင်ပါတယ် ။ အိစိကိုချစ်တဲ့ ချစ်ပရိသတ်ကြီးအတွက် သူ့ရဲ့အလန်းစားပုံရိပ်တွေကိုပြန်လည် ဖော်ပြရင်း သူ့ရဲ့အချစ်ရေးလေးကို ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်နော် ။

Source : Eisi Kway
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Eisi Kway
Emily