ငယ်သူငယ်ချင်းအပေါ် တစ်ဖက်သက် အချစ်ကြီးတဲ့ လွန်းတဲ့ မင်းသမီးချောလေး ထက်ထက်ထွန်း

Posted on

Miss Universe Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းကတော့ သရုပ်ဆောင် ဘက်ကို ကူးပြောင်းလာပြီ ဖြစ်ပါတယ် ။ အလှမယ်တစ်ဦးမှာရှိသင့်တဲ့ စမတ်ကျမှုတွေ လှပမှုတွေ ထက်မြတ်မှုတွေနဲ့ ပြည့်စုံနေသူတစ်ဦးမို့ Miss Universe Myanmar 2015 နဲ့ 2016 ပွဲတိုင်းမှာ အလှသရဖူတိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သူမဟာ ယခုလက်ရှိ MRTV-4 မှာပြသနေတဲ့ ” အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲမှာ တစ်ဖက်သက်အချစ်တွေနဲ့ မိန်းကလေး ချယ်ရီအဖြစ် ပီပြင်အောင်သရုပ်ဆောင်ထားတာတွေ့ရပါတယ် ။

 

 

 

 

ငယ်သူငယ်ချင်းသူရိန်ကို နှစ်တွေအကြားကြီးတစ်ဖက်သက်ချစ်လာခဲ့ပြီး ချစ်ရတဲ့ကောင်လေးက ချစ်သူရသွားတာတောင် အချစ်မပျက်ဘဲ နှစ်ပေါင်းများစွာ တစ်ဖက်သက်ချစ်လာခဲ့တဲ့ ချယ်ရီအဖြစ် သူမရဲ့ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်အားပေးမှုတွေ တခဲနက်ရရှိလာတာပါ ။ ဗီလိန်ကာရိုက်တာလို့ ထင်ရ ပေမယ့် တစ်ဖက်သက်အချစ်ကြီးလွန်းလို့ သူရိန်မသိအောင် ဖုံးကွယ်ရင်း ပရိသတ်တွေ အမုန်းကိုခံယူထားတဲ့ ချယ်ရီလေးပါ ။

 

 

 

 

ဇာတ်လမ်းတွဲက ဇာတ်ရှိန်မြင့်လာတာနဲ့ အမျှ သူရိန်က ချယ်ရီကို ရွေးချယ်မလား ဒါမှမဟုတ် ချောစုကိုပဲ ဆက်ချစ်နေဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ။ နောက်ထပ် လာမယ့်အပိုင်းတွေမှာလဲ အချစ်ကြီးလွန်းတဲ့ ချယ်ရီအဖြစ် ထက်ထက်ထွန်းကို ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့ထပ်မံမြင်တွေ့ရမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော် ။

Source : အကြင်နာမြစ်ဖျား
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 

ငယ္သူငယ္ခ်င္းအေပၚ တစ္ဖက္သက္ အခ်စ္ၾကီးတဲ့ လြန္းတဲ့ မင္းသမီးေခ်ာေလး ထက္ထက္ထြန္း

Miss Universe Myanmar အလွမယ္တစ္ဦးျဖစ္တဲ့ ထက္ထက္ထြန္းကေတာ့ သ႐ုပ္ေဆာင္ ဘက္ကို ကူးေျပာင္းလာၿပီ ျဖစ္ပါတယ္ ။ အလွမယ္တစ္ဦးမွာရွိသင့္တဲ့ စမတ္က်မႈေတြ လွပမႈေတြ ထက္ျမတ္မႈေတြနဲ႔ ျပည့္စုံေနသူတစ္ဦးမို႔ Miss Universe Myanmar 2015 နဲ႔ 2016 ပြဲတိုင္းမွာ အလွသရဖူတိုင္းကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ေမာ္ဒယ္လ္တစ္ေယာက္ပဲ ျဖစ္ပါတယ္ ။ သူမဟာ ယခုလက္ရွိ MRTV-4 မွာျပသေနတဲ့ ” အၾကင္နာျမစ္ဖ်ား” ဇာတ္လမ္းတြဲမွာ တစ္ဖက္သက္အခ်စ္ေတြနဲ႔ မိန္းကေလး ခ်ယ္ရီအျဖစ္ ပီျပင္ေအာင္သရုပ္ေဆာင္ထားတာေတြ႕ရပါတယ္ ။

ငယ္သူငယ္ခ်င္းသူရိန္ကို နွစ္ေတြအၾကားၾကီးတစ္ဖက္သက္ခ်စ္လာခဲ့ျပီး ခ်စ္ရတဲ့ေကာင္ေလးက ခ်စ္သူရသြားတာေတာင္ အခ်စ္မပ်က္ဘဲ နွစ္ေပါင္းမ်ားစြာ တစ္ဖက္သက္ခ်စ္လာခဲ့တဲ့ ခ်ယ္ရီအျဖစ္ သူမရဲ႕ကာရိုက္တာကို ပီျပင္ေအာင္ သရုပ္ေဆာင္နုိင္ခဲ့တဲ့အတြက္ ပရိသတ္အားေပးမႈေတြ တခဲနက္ရရွိလာတာပါ ။ ဗီလိန္ကာရိုက္တာလုိ႕ ထင္ရ ေပမယ့္ တစ္ဖက္သက္အခ်စ္ၾကီးလြန္းလို႕ သူရိန္မသိေအာင္ ဖံုးကြယ္ရင္း ပရိသတ္ေတြ အမုန္းကိုခံယူထားတဲ့ ခ်ယ္ရီေလးပါ ။

ဇာတ္လမ္းတြဲက ဇာတ္ရွိန္ျမင့္လာတာနဲ႔ အမွ် သူရိန္က ခ်ယ္ရီကို ေရြးခ်ယ္မလား ဒါမွမဟုတ္ ေခ်ာစုကိုပဲ ဆက္ခ်စ္ေနဦးမလားဆိုတာကေတာ့ စိတ္၀င္စားစရာပါပဲ ။ ေနာက္ထပ္ လာမယ့္အပိုင္းေတြမွာလဲ အခ်စ္ၾကီးလြန္းတဲ့ ခ်ယ္ရီအျဖစ္ ထက္ထက္ထြန္းကို ဘယ္လိုသရုပ္ေဆာင္မႈေတြနဲ႕ထပ္မံျမင္ေတြ႕ရမလဲဆိုတာကို ေစာင့္ေမွ်ာ္ၾကည္႕ရႈလုိက္ၾကရေအာင္ေနာ္ ။

Source : အၾကင္နာျမစ္ဖ်ား
Emily