ပိုးသတ်ဆေးဖြန်းခြင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွေမှာ အသုံးပြုနိုင်ရန် PPE ဝတ်စုံတွေလှူဒါန်းပေးခဲ့တဲ့ ဟန်နာယူရီ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင် မိတ်ကပ် Artist တစ်ယောက်ဖြစ်တဲ့ ဟန်နာယူရီကတော့ ဒီနေ့မှာ PPE ဝတ်စုံအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ဟန်နာယူရီကတော့ လက်ရှိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နေထိုင်ပြီး မန္တလေးတိုင်းမှာရှိတဲ့ အရန်မီးသတ်စခန်းတစ်ခုအတွက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကြောင့် ပိုးသတ်ဆေးဖြန်းခြင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေတဲ့ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်မေဃဂီရိ အရန်မီးသတ်စခန်းမှာ လိုအပ်နေတဲ့ PPE ဝတ်စုံတွေကို သူတတ်နိုင်သလောက် (၁၁)စုံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလိုသူ့ရဲ့ချွေးနည်းစာနဲ့ စုဆောင်းထားရတဲ့ ငွေလေးတွေထဲကနေ လှူဒါန်းတာဖြစ်တဲ့ မွန်မြတ်တဲ့အလှူလေးရဲ့ ကုသိုလ်ကြောင့် နဲ့မြန်မာပြည်သူပြည်သားတွေဘေးအန္တရယ်ကင်းရှင်းကျန်းမာကြပါစေ။လို့လည်း စုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။

အခုလို မွန်မြတ်လှတဲ့ ဟန်နာယူရီရဲ့ ကာလဒါနအလှူလေးကို CeleZone ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုလို့ရအောင် CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။CeleZone ပရိသတ်ကြီးတွေလည်း ဟန်နာယူရီရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Hannayuri

-Zawgyi Font ဖြင့်ဖတ်ရန်-





Source – Hannayuri

error: Content is protected !!