The Mask Singer Myanmar ရဲ့မျက်နှာဖုံးရှင်တွေကို ခန့်မှန်းလိုက်တဲ့ ရီရီပွင့်ဖြူ

Posted on

ပရိသတ်တွေအတွက် ပဟေဠိတွေနဲ့ ပြည့်နှက်နေတဲ့ The Mask Singer Myanmar ပြိုင်ပွဲကြီးဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ဆယ်လီစုံထောက်တွေ မျက်နှာဖုံးနောက်ကွယ်က ဆယ်လီတွေရဲ့ သရုပ်မှန်ကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ကြပေမယ့် ဝေဝေဝါးဝါးဖြစ်နေတုန်းပါပဲ ။ မျက်နှာဖုံးနောက်ကွယ်က ဆယ်လီတွေကလည်း အပုန်းကောင်းလွန်းလို့ အရမ်းကိုခန့်မှန်းရကြပ်နေပါတယ် ။

 

ဒီမျက်နှာဖုံးနောက်က ဆယ်လီတွေက ဘယ်သူဖြစ်မလဲ ဆိုတာကို ပရိသတ်တွေရော ဒီအစီစဉ်လေးကိုကြည့်ရှုနေတဲ့ အနုပညာရှင်အချို့ကပါ ခန့်မှန်းခဲ့ကြပါတယ် ။ သရုပ်ဆောင်မင်းသမီးချောလေး ရီရီပွင့်ဖြူကလည်း ဒီအစီစဉ်လေးကိုကြည့်ပြီး မျက်နှာဖုံးနောက်ကွယ်က ဆယ်လီအချို့ကိုခန့်မှန်းခဲ့ပါတယ် ။ ” The mask singer ကို ဘယ်နကြိမ်မှန်းမသိ ထိုင်ကြည့်တာနော်.. ကျား ပိုင်တံခွန် နဂါး အေသင် ဂြိုလ်သား အုပ်စိုးခန့် ဘီလူး ဗေလုဝ ပါနော်..လောင်းမလား ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကိုလောင်းကြေးထပ်လိုက်တာပါ ။

 

 

ပရိသတ်တွေကရော ရီရီပွင့်ဖြူခန့်မှန်းထားသလို ထင်နေကြလား တခြားခန့်မှန်းမိတာတွေရှိလားဆိုတာကို ထင်မြင်ချက်လေးတွေရေးပေးခဲ့ပါဦးနော် ။ ကဲ ဘယ်သူက ရီရီပွင့်ဖြူနဲ့လောင်းကြေးထပ်မှာလဲ ဆိုတာ စိတ်လှုပ်ရှားစရာပါပဲနော် ။

Source : Yi Yi Pwint Phyu
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Yi Yi Pwint Phyu
Emily