အမှတ်တရတွေ ထုံမွှန်းနေတဲ့ မွေးနေ့လေးကို ဖြတ်သန်းခွင့်ရခဲ့တဲ့ မော်ဒယ်လ် J Naw

Posted on

နိုင်ငံခြားသူလေးလို အသွင်အပြင်တွေနဲ့ အမိုက်စား မော်ဒယ်တွေထဲက တစ်ယောက်အပါဝင်ဖြစ်တဲ့ J Naw ကတော့ နာမည်တစ်ခုနဲ့ရပ်တည်နေတဲ့ မော်ဒယ်လ် မလေးတစ်ယောက်ပါ ။ သူမရဲ့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းတွေ နဲ့ အလန်းစားဖက်ရှင်တွေကတော့ ပုရိသပရိသတ်တွေကို ရင်ဖိုစိတ်လှုပ်ရှားစေတဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ ။ မြင်သူတိုင်းကို ညို့ယူထားနိုင်တဲ့ သူမရဲ့ ဆွဲဆောင်မှုအားပြင်းတဲ့ အကြည့်တွေကလည်း အသက်ပါပဲနော် ။

 

 

 

နိုဝင်ဘာလ (၆) ရက်နေ့ကတော့ မော်ဒယ်လ် J Naw ရဲ့မွေးနေ့လေးဖြစ်ပြီး သူမရဲ့ မွေးနေ့ညလေးကို အနုပညာရှင်သူငယ်ချင်းတွေနဲ့အတူ The Maze Club မှာပျော်ရွှင်စွာကျင်းပခဲ့ပြီး အနုပညာရှင်တွေအများကြီးက တက်ရောက်ချီးမြှင်ခဲ့ကြပါတယ် ။ မနက်ပိုင်းမှာတော့ ခရစ်ယာန်သက်ကြီးရွယ်အို စောင့်ရှောက်မှုဂေဟာမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ” အဓိပ္ပါယ် အပြည့် နဲ့ နောလေးးးမွေးနေ့ ကို ဖြတ်သန်းခွင့်ပေးတဲ့ ဘုရားသခင်ကို ဦးစွာာာကျေးဇူးတင် တယ် မွေးနေ့ ဆုတောင်းးးး ,Birthday Wish လုပ်ပေးတဲ့ တယောက်စီ တိုင်း ကို ကျေးဇူး အထူးတင်ပါတယ် ” ဆိုတဲ့စာသားလေးနဲ့လည်း မွေးနေ့အမှတ်တရ အလှူပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါသေးတယ် ။

 

 

J Naw တစ်ယောက် မွေးနေ့ရက်မြတ်ကနေစပြီး ဒီထက်မက အောင်မြင်ကျော်ကြားတဲ့ စူပါမော်ဒယ်လ် တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ J Naw ကိုအစဉ်အမြဲချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်ကောင်းလေးတွေ ပေးခဲ့ပါဦး နော် ။

Source : J Naw
Emily
ဇော်ဂျီဖြင့်ဖတ်ရန်

 

အမွတ္တရေတြ ထံုမႊန္းေနတဲ့ ေမြးေန႕ေလးကို ျဖတ္သန္းခြင့္ရခဲ့တဲ့ ေမာ္ဒယ္လ္ J Naw

နုိင္ငံျခားသူေလးလို အသြင္အျပင္ေတြနဲ႔ အမိုက္စား ေမာ္ဒယ္ေတြထဲက တစ္ေယာက္အပါ၀င္ျဖစ္တဲ့ J Naw ကေတာ့ နာမည္တစ္ခုနဲ႕ရပ္တည္ေနတဲ့ ေမာ္ဒယ္လ္ မေလးတစ္ေယာက္ပါ ။ သူမရဲ႕ အမိုက္စားခႏၶာကိုယ္ေကာက္ေၾကာင္းေတြ နဲ႔ အလန္းစားဖက္ရွင္ေတြကေတာ့ ပုရိသပရိသတ္ေတြကို ရင္ဖိုစိတ္လႈပ္ရွားေစတဲ့ ဆြဲေဆာင္မႈတစ္ခုပါပဲ ။ ျမင္သူတိုင္းကို ညိဳ႕ယူထားနုိင္တဲ့ သူမရဲ႕ ဆြဲေဆာင္မႈအားျပင္းတဲ့ အၾကည္႕ေတြကလည္း အသက္ပါပဲေနာ္ ။

နို၀င္ဘာလ (၆) ရက္ေန႕ကေတာ့ ေမာ္ဒယ္လ္ J Naw ရဲ႕ေမြးေန႕ေလးျဖစ္ျပီး သူမရဲ႕ ေမြးေန႕ညေလးကို အနုပညာရွင္သူငယ္ခ်င္းေတြနဲ႔အတူ The Maze Club မွာေပ်ာ္ရႊင္စြာက်င္းပခဲ့ျပီး အနုပညာရွင္ေတြအမ်ားၾကီးက တက္ေရာက္ခ်ီးျမွင္ခ့ဲၾကပါတယ္ ။ မနက္ပိုင္းမွာေတာ့ ခရစ္ယာန္သက္ၾကီးရြယ္အို ေစာင့္ေရွာက္မႈေဂဟာမွာ အလွဴအတန္းေတြ ျပဳလုပ္ခဲ့တယ္လုိ႕သိရပါတယ္ ။ ” အဓိပၸါယ္ အျပည့္ နဲ႔ ေနာေလးးးေမြးေန႔ ကို ျဖတ္သန္းခြင့္ေပးတဲ့ ဘုရားသခင္ကို ဦးစြာာာေက်းဇူးတင္ တယ္ ေမြးေန႔ ဆုေတာင္းးးး ,Birthday Wish လုပ္ေပးတဲ့ တေယာက္စီ တိုင္း ကို ေက်းဇူး အထူးတင္ပါတယ္ ” ဆိုတဲ့စာသားေလးနဲ႔လည္း ေမြးေန႕အမွတ္တရ အလွဴပံုရိပ္ေတြကို ပရိသတ္ေတြအတြက္ မွ်ေ၀ေပးထားပါေသးတယ္ ။

J Naw တစ္ေယာက္ ေမြးေန႕ရက္ျမတ္ကေနစျပီး ဒီထက္မက ေအာင္ျမင္ေက်ာ္ၾကားတဲ့ စူပါေမာ္ဒယ္လ္ တစ္ေယာက္ျဖစ္ပါေစလုိ႕ ဆုေတာင္းေပးလုိ္က္ပါတယ္ ။ J Naw ကိုအစဥ္အျမဲခ်စ္ခင္အားေပးေနတဲ့ ပရိသတ္ေတြကလည္း ေမြးေန႕ဆုမြန္ေကာင္းေလးေတြ ေပးခဲ့ပါဦး ေနာ္ ။

Source : J Naw
Emily