အောက်ဆီဂျင်စက်အတွက် အလှူငွေ (၁၀) သိန်းအပြင် အာဟာရဖြစ်စေမယ့် အစားအစာတွေကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေး

လူမှုကွန်ယက် စာမျက်နှာပေါ်မှာ မသိသူမရှိလောက်အောင် အောင်မြင်မှုတွေရရှိထားတဲ့ ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားကောင်းပြီး အလှူတန်း ရက်ရောသူလေး ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ အနုပညာလောကမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် အားလုံးရဲ့အသိအမှတ်ပြုခြင်းခံထားရပြီ ဖြစ်ပါတယ်။

မိဘအပေါ်မှာ သိတတ်လိမ္မာတဲ့ ဖြူဖြူထွေးက တစ်နေ့တစ်ခြားပိုမိုအောင်မြင်လာတာလည်း ဖြစ်ပါတယ်။ အခုလို အခြေအနေတွေမှာလည်း သူတတ်နိုင်တဲ့ နေရာကနေ ရသလောက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ် ။ အခုလည်း ပြည်သူတွေ ခက်ခဲစွာ ကြုံတွေ့နေရတဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ လှူဒါန်းခဲ့ပြန်ပါတယ် ။

အောက်ဆီဂျင် အလှူအတွက် ငွေကျပ် (၅) သိန်းအပြင် ကြက်ဥ အလုံး (၈၀၀) ၊ ခြံထွက် နဂါးမောက်သီး များ လှူဒါန်းခဲ့ပုံကို “ ဒီနေ့ အလှူလေးကတော့ အောက်စီဂျင်စက်အတွက် အလှူငွေ-၁၀သိန်း ကွကျဥအလုံး -၈၀၀ ရာ ဦးဦးဖျားဖျား ခြံးထွက် နင်္ဂါးမောက်သီးလေးရယ် အားလုံးအမြန်းဆုံကျန်းမာကျပါစေ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Phyu Phyu Htwe 

– Zawgyi Font ဖြင့်ဖတ်ရန်- 


သာဓု သာဓု သာဓု🙏




ဒီနေ့ အလှူလေးကတော့ အောက်စီဂျင်စက်အတွက် အလှူငွေ-၁၀သိန်း ကြက်ဥအလုံး -၈၀၀ ရာ ဦးဦးဖျားဖျား ခြံးထွက် နင်္ဂါးမောက်သီးလေးရယ် အားလုံးအမြန်းဆုံကျန်းမာကျပါစေ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Phyu Phyu Htwe